2 U/Z

4.5K 86 0
                                    

Uni
♏️အချစ်ဦးနှင့် အချစ်ဆုံး♏️

♏️အပိုင်း ၂♏️

ရွက်သစ် မောင့် မင်္ဂလာဖိတ်စာကို ကိုင်ပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျနေရလေသည်။  ရက်စက်သည့် ဟု မောင့်ကို မပြောချင်သော်လည်း ဒါတွေဟာ မောင့် မေမေ၏ သဘောဆန္ဒဆိုသည့်ကို ရွက်သစ် သိလိုက်ရလေလျှင် ရင်နာ၍ မဆုံး ဖြစ်ရလေသည်။

"မောင်ရယ်"

သူမ အဖြစ်က မောင်ကို တမ်းတရုံသာ ရှိတော့သည်။  သူမက မောင် နှင့် အောင်မြင်မှုကို လဲယူခဲ့သည့် သူမဟုတ်လား။

ပြန်တွေးကြည့်လျှင် သူမသည့် မောင့်အပေါ် အချစ်အပြစ်ကြွေး တင်သွားခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော ၁ပတ်ခန့်က

"မင်း အနေနဲ့ အန်တီသားကို စွန့်လွှတ်မလား၊ ဒါမှမဟုတ် မင်းရဲ့ အောင်မြင်မှုကို စွန့်လွှတ်မလား"

မောင့် မေမေ၏ မေးခွန်းက ရွက်သစ် နားထဲ ဗုံးတစ်လုံး ပစ်သွင်းလိုက်သလို အရှိန်ပြင်းစွာ ပေါက်ကွဲသွားခဲ့လေသည်။ နေနိုင် ဆိုသည့် လူတစ်ယောက်ကို ချစ်မိသည့်နှင့် သူမက  အခက်အခဲတွေ အများကြီးကြားက ဒီအခြေအနေအထိ ရောက်အောက်ကြိုးစားခဲ့ရသည့် မော်ဒယ်အလုပ်ကို စွန့်ပစ်ရလောက်အောင် ရူးနေသည့်မှ မဟုတ်တာ။

"သမီးသာ သားနဲ့ ခပ်ကင်းကင်းနေရင် သမီးအတွက် မနစ်နာစေရပါဘူး၊ သမီးအတွက် အန်တီက သိန်း ၅၀၀ ပေးမယ်လေ ဘယ်လိုလဲ၊ ဒါမှမဟုတ် သမီး တောင်းသလောက်လဲ အန်တီ ပေးနိုင်ပါတယ်"

ငွေ လိုသလောက်ရမည် ဟု ဒေါ်မီမီနိုင် ထံမှ ကြားလိုက်ရသည့်နှင့် ရွက်သစ် သဘောကျသွားကာ  လှလှပပ ပြုံးလိုက်ပြီး

"အန်တီ ကတိ အန်တီတည်ပါစေ၊ ကျွန်မ သိန်းတစ်ထောင်တောင်းရင်ရော အန်တီ ပေးနိုင်မလား"

ဒေါ်မီမီနိုင် အဓိပ္ပါယ်ပါသော အပြုံးမျိုးဖြင့်   သူမကို ကြည့်ပြီး

"မင်းကို အန်တီပြောသားပဲ၊ တောင်းသလောက်ပေးပါမယ်လို့"

"wow မိုက်ပြီ၊ သိန်းတစ်ထောင်ပေးလေ၊ ကျွန်မ အန်တီသားနဲ့  မပတ်သတ်ရင် okပြီး"

အချစ်ဦးနှင့်အချစ်ဆုံးWhere stories live. Discover now