11 U/Z

3.9K 61 0
                                    

Uni

♏️အချစ်ဦးနှင့် အချစ်ဆုံး♏️

♏️အပိုင်း ၁၁♏️

"မိန်းမ"

ပြန်ရောက်ကတည်းက မျက်နှာပိုး မသေ။ မိန်းမ မိန်းမ နှင့် အမြင်ကပ်စရာကောင်းလှအောင် ကပ်ချွဲနေသော ကိုကို။ ယောကျာ်းကြီးတန်မဲ့ အမြင်ကပ်စရာ ကောင်းလောက်အောင် ချွဲပစ်နေလေသည်။

အခုလည်း ဧကရီ အလုပ်လုပ်နေသည့် ဆေးရုံအထိလိုက်လာကာ မျက်ခြေမပျက်လိုက်ကြည့်ပြီး စကားတွေ ပြောနေပြန်ပါသေးသည်။ ကြာလာလေတော့ ဧကရီ နေရ အတော်ကျပ်ရလာရလေသည်။

"ကိုကို မမောသေးဘူးလားဟင်"

မျက်နှာလေးမဲ့ကာ သူ့ကို စိတ်အလိုမကျစွာ မေးလာသော ချစ်ဇနီး ဘာကို ဆိုလိုသည့်ကို နေနိုင် သိနေသော်လည်း မသိချင်ယောင်ဆောင်ပြီး လည်ဂုတ်ကို ပွတ်သပ်ရင်း

"ဘာကို ပြောတာလဲ ဟင်"

"ကိုကို "

စူးရှနေသော မျက်ဝန်းအကြည့်လေးတွေက သူထံ ရောက်လာကာ

"ရှင် ကျွန်မကို စိတ်ဒုက္ခတွေ ပေးနေတာလား ဦးနေနိုင်"

"ချစ်နေတာလေ မိန်းမရာ၊ ကိုယ့်ယောကျာ်းက အပင်ပန်းခံပြီး သူ့ ကြိုက်တတ်တဲ့  ဝက်သားပုန်းရည်ကြီးချက်ပြီး ထမင်းချိုင့်လဲ လာပို့ရသေးတယ်၊ ဒီယောကျာ်းကိုလည်း အပြစ်ပြောနေသေးတယ်၊  ဟွန့်"

ထမင်းချိုင့်ကို ကိုင်ကာ မျက်စောင်းကြီး ထိုးနေသော ကိုကို့ကို ကြည့်ပြီး ဧကရီ ရယ်ချင်စိတ်တွေ တားမရတော့ပေ။  ဧကရီ နားနေခန်း တံခါးကို အသာတွန်းဖွင့်ကာ ဝင်ခဲ့ပြီး

"အဲ့ မျက်စောင်းကြီး သိပ်ထိုးမနေနဲ့ သိလား၊ တော်ကြာ  မျက်လုံးကြီး စောင်းသွားဦးမယ်"

အခန်းတံခါးကို ပိတ်ရင်း သူမ ခပ်တိုးတိုး ဆိုလိုက်လေလျှင် သူက ပြုံးလိုက်ရင်း

"ကိုယ့် ကလေးက စိတ်ကောက်နေတာလား"

"စိတ်ကောက်တာ မဟုတ်ဘူး၊ စိတ်ညစ်တာ ရှင်ကြီးကြောင့်"

"ကိုယ့်က မင်းကို ချစ်တယ်၊ မင်း စိတ်ညစ်ရင် မင်းပျော်အောင် ကိုယ့်က ထားမယ်၊ အခုတော့ ကိုယ့် ချက်ထားတဲ့ ဟင်းလေးနဲ့ ထမင်းစားလိုက်ဦး"

အချစ်ဦးနှင့်အချစ်ဆုံးWhere stories live. Discover now