4 U/Z

4.5K 83 0
                                    

Uni

♏️အချစ်ဦးနှင့် အချစ်ဆုံး♏️

♏️အပိုင်း ၄♏️

"လာ ပြန်မယ်"

"ဟင် ကိုကို"

ဧကရီ လက်ကို လာဆွဲကာ နောက်ဆက်တွဲ ထွက်ပေါ်လာသော စကားကြောင့် ဧကရီ သူ့ကို ကြောင်ပြီး ကြည့်မိစဥ်

"ဘာကြည့်နေတာလဲ လာခဲ့ပြန်မယ်"

"အာ့ ကိုကို"

"ဟာ ကိုနေနိုင် ခင်ဗျား"

ဧကရီ လက်ကလေးကို ဆောင့်ဆွဲကာ သူ့ ပွဲ အတွင်းမှ ခေါ်ထုတ်ခဲ့လေသည်။  နောက်ပါးမှ တိုက်မှာလည်း ဘာပြောရမှန်း မသိဆွံ့အကျန်ခဲ့လေသည်။ ဧကရီမှာလည်း သူ့ဆွဲခေါ်ရာကို တရောသောပါး လိုက်ပါရင်း ရှည်လျှားလှသော ဂါဝန်စကို တက်နင်းမိမှာကိုပင် စိုးရိမ်မိလေသည်။

"အာ့ ကိုကို"

"ဝင် "

"အာ့"

ကားထဲဆောင့်တွန်းထည့်လိုက်သဖြင့် တစ်ဖက်မှ ကားမှန်နှင့် သူမ နဖူး မိတ်ဆက်ဖြစ်သွားလေတော့သည်။  နေနိုင် သူမ အော်သံကြောင့်  တစ်ချက်သာ လှည့်ကြည့်ပြီး

"မသေလောက်သေးဘူး မဟုတ်လား"

ထိုသို့ တစ်ခွန်းသာပြောပြီး မောင်းသူ နေရာဝင်ထိုင်ကာ ကားကို မောင်းထွက်ခဲ့လေသည်။ ဧကရီ နာသွားသည့် နဖူးလေးကိုသာအသာပွတ်ရင်း သူ့ကို မကျေမနပ်ပြန်ကြည့်မိလေသည်။

ကိုကိုဟာလေ ဘယ်သောအခါမှ လူတစ်ယောက်ကို သနားကြင်နာရကောင်းမှန်း မသိခဲ့သူ ဖြစ်သည်။ အခုလည်း တိုက်ကို အားနာလှသည်။ ပွဲအတွင်းက တဇွတ်ထိုး ဆွဲခေါ်လာသည့်က ဘယ်လောက်အားနာစရာကောင်းလိုက်လဲနော်။
                         ♏️♏️♏️

"ဝူး"

"ကျွီ"

ခြံထဲကားမောင်းဝင်လာသော အသံနှင့် ကားရပ်လိုက်သော အသံက တစ်ဆက်တည်း ထွက်ပေါ်လာခဲ့လေသည်။
ဒေါ်မီမီနိုင် သားနှင့် သမီး အိမ်ပြန်မလာသေးသဖြင့် အိမ်ရှေ့မှာ မျှော်နေမိစဥ် သား၏ ကားရပ်သံကြောင့် ကြည့်မိတော့ အိမ်ထဲသို့  သမီးကို အကြမ်းပတမ်းဆွဲဝင်လာသော သားဖြစ်သူကို ကြည့်ပြီး ဒေါ်မီမီနိုင် ရင်တထိတ်ထိတ် ဖြစ်ရလေသည်။

အချစ်ဦးနှင့်အချစ်ဆုံးWhere stories live. Discover now