6 U/Z

4.3K 66 0
                                    

Uni

♏️အချစ်ဦးနှင့် အချစ်ဆုံး♏️

♏️အပိုင်း ၆♏️

"သား"

ခွဲစိတ်ခန်းထဲ ဝင်တော့မည် သားကို ကြည့်ပြီး ဒေါ်မီမီနိုင် ဘာစကားတစ်ခွန်းမှမပြောနိုင်လောက်အောင် ဆွံ့အနေရလေသည်။

သားအတွက် ပူပန်ခြင်း တွေနှင့် အတူ မျက်ရည်တွေက အတားအဆီးမဲ့နေရလေသည်။ သား သတင်းကို ကြားကြားချင်း သူမ မေ့မူးမတက် ယိုင်နဲ့ခဲ့ရသည်။ မိမိ ရင်မှ လွယ်မွေးခဲ့ရသည့် သားလေးမို့ မိခင်တစ်ယောက်အနေနှင့် သားအပေါ် စိုးရိမ်သည့် စိတ်တို့က ပြောပြစရာမလိုလောက်အောင်ပင် ဖြစ်သည်။

"သမီးမကောင်းလို့ ကိုကို့ အခုလို ဖြစ်ရတာ၊ ဧကရီတောင်းပန်ပါတယ်၊ ဧကရီကို ခွင့်မလွှတ်ပါနဲ့ မေမေ"

ငိုယိုတောင်းပန်နေသည့် သမီးဖြစ်သူကို ကြည့်ပြီး နှစ်သိမ့်ရမည့် စကားလုံးတွေက ရှာမရဖြစ်နေသည်။ သမီးလေးကိုလည်း သူမ အပြစ်မယူရက်ခဲ့ပေ။ အမှန်တကယ်ဆို သမီးအမှားလည်း မဟုတ်ခဲ့ပြန်။ သား၏  အတ္တတွေကြောင့်သာ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရသည့် မဟုတ်လား။ ဒီအချိန်မှာ မည်သူကိုမှ အပြစ်မတင်ချင်တော့ပါဘူးလေ။

"လူနာရှင်"

ခွဲခန်းထဲမှ ထွက်လာသော ဆရာဝန်ကြီး၏ ခေါ်သံကြောင့် ဧကရီ နှင့် မေမေ ဆရာဝန်ကြီး အနားသို့ ရောက်သွားခဲ့လေသည်။ ဆရာဝန်ကြီးက ပြုံးရင်း

"လူနာခွဲစိတ်မှုအောင်မြင်ပါတယ်၊ သမီးဧကရီ ဆရာနဲ့ လိုက်ခဲ့ပါ"

"ဟုတ် ဟုတ်ကဲ့၊ မေမေ ဧကရီ ခဏလိုက်သွားမယ်နော်"

မျက်ရည်တွေကြားမှ မေမေ သူမကို ခေါင်းငြိမ့်ပြရှာလေသည်။ ဧကရီလည်း သက်မသဲ့သဲ့ရှိုက်ကာ ဆရာဝန်၏ ဦးအေးလွင် အနောက်လိုက်ခဲ့သည်။ 

သူမလည်း ဆရာဝန် တစ်ယောက်ဖြစ်နေ၍ တစ်စုံတစ်ခုကိုတော့ ရိပ်စားမိနေသယောင်ယောင်။
                             ♏️♏️♏️

ဆရာဝန်ကြီး ရုံးခန်းမှ ထွက်လာပြီးကတည်းက ဧကရီ ခြေလှမ်းတွေ ယိမ်းယိုင်နေရလေသည်။ ကိုကို ကိုကိုက အမြင်အာရုံထိခိုက်နိုင်ဖွယ် ရှိသည့်တဲ့။ အဟင့်။

အချစ်ဦးနှင့်အချစ်ဆုံးWhere stories live. Discover now