5 U/Z

4.6K 73 0
                                    

Uni

♏️အချစ်ဦးနှင့် အချစ်ဆုံး♏️

♏️အပိုင်း ၅♏️

ဧကရီ ခန္ဓာကိုယ် တစ်ခုလုံး လူတစ်ယောက်ရဲ့ ပွေ့ဖက်ခြင်းကို ခံထားရလေသည်။ ဧကရီ ခန္ဓာကိုယ်လေးကို အနည်းငယ် လှုပ်လိုက်မိတော့ နေနိုင် မျက်ဝန်းတွေ ပွင့်လာပြီး

"နိုးပြီလား ဧကရီ"

"ဟင် ရှင် ရှင်၊ လွှတ်စမ်း ကျွန်မကို"

သူ့ အသံကို ကြားလိုက်ရစဥ် ဒေါသက ငယ်ထိပ်တက်ဆောင့်လာရလေသည်။ ဧကရီ သူ့ကို အတင်းထုရိုက်ရင်း

"ဖယ်စမ်း လူစိတ်မရှိတဲ့ လူ"

အတင်းတွန်းထိုး ရုန်းကန်းနေသော ဧကရီကို ပိုမိုတင်းကျပ်စွာ တိုးဖက်လိုက်သူက နေနိုင်ဖြစ်သည်။

"အို လွှတ်စမ်းပါဆို"

"ဒုန်း"

"အား"

ကုတင်ပေါ်မှ ကန်ချခံလိုက်ရသဖြင့် နေနိုင် ခန္ဓာကိုယ်ကြီး ကြမ်းပြင်ပေါ် ပစ်စလက်ခက်ကြီး ပစ်ကျသွားလေတော့သည်။

"အား မင်းကွာ နာလိုက်တာ၊ အကောင်လေးကြည့်တော့ သေးသေးလေးနဲ့ ကန်ချတာကလည်း သန်တာ"

ဧကရီ သူ့ကို တစ်ချက်သာကြည့်ပြီး

"ရှင်နဲ့ ကျွန်မ တစ်အိမ်တည်း အတူ မနေနိုင်ဘူး၊ မေမေတို့ကို ပြောပြီး ကျွန်မ ရှင့်ကို ကွာရှင်းမယ် ကိုနေနိုင်"

"ဟင်"

နေနိုင် တစ်ယောက် သူမကြည့်ကာ  ဘာစကား ဆက်ပြောရမည်မှန်း မသိအောင်  ဆွံ့အသွားရလေသည်။ တစ်စက်တည်း သူ့ ဒေါသတွေ ငယ်ထိပ်ကို ရောက်လာကာ သူမ ပခုံးကို ခပ်ကြမ်းပြမ်းလှုပ်ရမ်းလိုက်ပြီး

"နင်က ဘယ်သူအားကိုးနဲ့ ငါ့ကို ပြန်အာခံနေတာလဲ "

"အာ့ နာတယ်၊ ရှင် မရမ်းကားနဲ့"

သူ့ လက်တွေကို အတင်းပုတ်ထုတ်နေရင်း  သူ့ကို ပြန်အော်နေသူက ဧကရီဖြစ်သည်။

နေနိုင် သူ့ အရှေ့က ကောင်မလေးကို ကြည့်ကာ မချင့်မရဲစိတ်ဖြင့် ကြည့်ပြီး

"မင်းက ဘာလဲ ငါ့ မင်းကို ထိမှာ ဘာဖြစ်နေတာလဲ"

"ရွံ့လို့လေ ရွံ့လို့ ၊ ရှင်လို ယောကျာ်းလက်နဲ့ လာထိတာကို ရွံ့လို့"

အချစ်ဦးနှင့်အချစ်ဆုံးWhere stories live. Discover now