9 U/Z

4K 62 0
                                    

Uni

♏️အချစ်ဦးနှင့် အချစ်ဆုံး♏️

♏️အပိုင်း ၉♏️

ရွက်သစ် ဒီကနေ့တော့ မောင် နှင့် တွေ့ရန် မောင့် ရှိနေနိုင်သည့် ဆောက်လုပ်ရေးဆိုက်သို့ ရောက်လာခဲ့လေသည်။ မယ်ဒယ်ပီပီ ခေတ်နှင့် ညီလျှော်စွာ ဝတ်စားတတ်သည့် သူမ ထုံးစံအတိုင်း  ခေတ်ရှေ့ပြေးစွာ ဝတ်ဆင်ပြီး နေနိုင်ရှိရာသို့ လာခဲ့လေသည်။

"မောင်ရှိလား"

အတွင်းရေးမှူးမလေး သော်သော်ခင် တစ်ယောက် ရွက်သစ်ဝေကို အကြောင်သား ငေးကြည့်နေမိလေသည်။

"ဟိတ် ငါပြောနေတယ် မကြားဘူးလား၊ နင့် သူဌေး အထဲမှာ ရှိလားလို့ မေးနေတာ"

သော်သော်ခင် တစ်ယောက် ကြောင်ငေးကြည့်နေရာမှ

"ဟုတ် ဟုတ်ကဲ့ ရှိပါတယ်၊ ရုံးခန်းထဲမှာ ရှိပါတယ်"

"ပြီးရော အဲ့လိုလုပ်စမ်းပါ"

ကျော့ကျော့မော့မော့လေး  သူဌေးရုံးခန်းထဲ ဝင်သွားသော ရွက်သစ်ဝေကို သော်သော်ခင် နားမလည်သလို ကြည့်နေမိလေသည်။

"မောင်"

"ဟင်"

နေနိုင် အလုပ်စရင်း ဖိုင်တွေထဲ အာရုံစိုက်နေစဥ် ရုံးခန်းထဲဝင်လာသော ရွက်သစ်ဝေကို တအံ့တသြတွေ့လိုက်ရလေသည်။

"ရွက် ရွက်သစ်ဝေ"

"yes ; မောင့်ရဲ့ ရွက်သစ်လေ မောင်၊ မောင့်ကိုလွမ်းလို့ မောင့်ဆီပြန်လာတာလေမောင်၊ အရမ်းလွမ်းတာပဲ မောင်ရယ်"

ရွက်သစ် တစ်ယောက် မတ်တပ်ရပ်လိုက်သော နေနိုင် ရင်ဘက်အား လက်ဖြင့် အသာပွတ်ရင်း ဆိုလိုက်လျှင် နေနိုင် သူမလက်တွေကို ဖယ်ရှားပစ်ရင်း

"sorry ပဲ ရွက်သစ်၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ကြရအောင်၊ ကိုယ်တို့ ချစ်ခဲ့ကြတာ မှန်တယ်၊ ဒါပေမယ့် ကိုယ့်တို့ရင်ထဲမှာ အသိတရားတစ်ခုတော့ ရှိသင့်နေပြီလေ၊ အခု ကိုယ့် အိမ်ထောင်ကျနေပြီ၊ ကိုယ့် ဇနီးတစ်ယောက်က လွှဲရင် ဘယ်မိန်းကလေးနဲ့မှ ကိုယ့် အရောမဝင်ချင်ဘူး ရွက်သစ်"

"ကျစ် အဲ့ဒါမမိုက်လိုက်တာ မောင်ရာ၊ ရွက်သစ်နဲ့ မောင် ချစ်ခဲ့ကြတာ တစ်လောကလုံး သိနေတာတောင် မောင့်က ဘာတွေ ငြင်းချင်နေသေးတာလဲ၊ မောင်လည်း ရွက်သစ်ကို ချစ်တယ်၊ ရွက်သစ်လဲ မောင့်ကို ချစ်တယ်လေကွာ၊ မစိမ်းကားပါနဲ့ ကွာနော်၊ ရွတ်"

အချစ်ဦးနှင့်အချစ်ဆုံးWhere stories live. Discover now