~ သောက ~

124 31 24
                                    

'' ဝွန်ဘင်း ပတ်ဝွန်ဘင်း ´´

ဝွန်ဘင်းက စံအိမ်ရဲ့ အိပ်ခန်းမှာ အိပ်ပျော်နေတုန်း ဆောင်းချန်ရဲ့ အော်သံကို ကြားလိုက်သည် ..

အိပ်မက်လို့ထင်ပြီး ထထိုင်ရင်း မျက်လုံးတွေကြိုးစားဖွင့်တော့ အောက်မှာ ဆူညံသံတွေ ..

ပြတင်းပေါက်ကိုဖွင့်ပြီးကြည့်လိုက်ချိန်မှာ အိမ်စောင့်များနှင့် တိုက်ခိုက်နေသော ဆောင်းချန်

'' ဘယ်လို ရောက်လာပြန်တာလဲ ´´

ဝွန်ဘင်းက အမြန်ပြေးဆင်းပြီး အောက်ထပ်ရောက်တော့ အွန်းဆော့က အပေါက်ဝမှာရှိနေလေပြီ ..

ဆောင်းချန်က ခြံစောင့်တွေကို ချပစ်ပြီး ခြံတံခါးကို ကျော်ဝင်လာပုံရသည် ..

^^ ဘယ်လိုများကျော်လာတာပါလိမ့် ဒီလောက်မြင့်ပြီး အခိုင်အမာ တံခါးတွေကို ^^

အွန်းဆော့က ဝွန်ဘင်းကို လက်ဖြင့်ကာတားထားပြီး

'' ဂျောင်ဆောင်းချန် မင်းပြန်တော့ ´´

ဆောင်းချန်က အွန်းဆော့ကိုလှည့်ကြည့်ရင်းမှ  ဝွန်ဘင်းကိုတွေ့တော့ ရှေ့ကိုတိုးလိုက်ပေမယ့် အစောင့်တွေက ဆွဲတားထားသည် ..

'' ကလေး ´´
'' ခင်ဗျား ဘာလာလုပ်တာလဲ ´´

'' ကလေး ကိုယ်နဲ့ ခဏ စကားပြောရအောင် ခဏ ခဏပါပဲ ´´
'' ဘာပြောစရာ စကားမှမရှိဘူး ဘာကိစ္စ ဒီထိ ရောက်လာပြန်တာလဲ ´´

'' ဝွန်ဘင်းနီ ´´
''ကျွန်တော့်ကို အဲ့လိုမခေါ်နဲ့လို့ ပြောထားတယ်လေ မရင်းနှီးဘူး ခင်ဗျားနဲ့က သူစိမ်းတွေ ´´

ဝွန်ဘင်းက အသံမာမာနှင့် ဆောင်းချန်ကို ပြန်ပြောနေသည့်တိုင် လက်တွေတုန်နေခဲ့သည် ..

'' ကိုယ် တောင်းပန်ပါတယ် ကလေးရယ် ခွင့်လွှတ်ပါ´´
'' ပြန်တော့ ခင်ဗျား မျက်နှာ မမြင်ချင်ဘူး ပြန် ´´

'' ဝွန်ဘင်း ကလေး ´´

ဝွန်ဘင်းက လှည့်မကြည့် အပေါ်ကိုပြန်တက်သွားပြီးဆောင်းချန်က အိမ်ထဲဝင်မရ ..

အစောင့်တွေက လဲကျနေပေမယ့် အွန်းဆော့က ပိတ်ရပ်နေခဲ့သည်

'' မင်း ဘယ်ချိန်ထိ ဒီကလေးကို စိတ်ဒုက္ခပေးနေမှာလဲ မင်းမှာ အသိစိတ်နည်းနည်းသာ ကျန်နေသေးရင် သူ့ကို အားနာစိတ်ရှိရင် ထပ်ပြီး မျက်စိရှေ့ ပေါ်မလာနဲ့ ..

Dear Pain ( Completed ) Where stories live. Discover now