3

51 9 14
                                    

သူတို့ ကားမှတ်တိုင်မှာ အနည်းငယ်စောင့်သော်လည်း ကားက ရောက်မလာတာကြောင့် နမ်ဂျွန်းက လမ်းလျှောက်ပြန်တာ့မည်ဟုဆိုကာ ထွက်သွားလေသည်။ အိမ်က သိပ်မဝေးသော်လည်း ၁၅ မိနစ်လောက်တော့ လမ်းလျှောက်ရပါသည်။ 

သူ့ကိုလိုက်ပို့ ကိုယ့်ဟာကိုယ်ပြန်နှင့်ဆို အပြန် ညဉ့်နက်သွားမည်စိုး၍ နမ်ဂျွန်းက တစ်ယောက်ထဲသာပြန်လေသည်။ ဒါ့ကြောင့် အပြန်လမ်းတွင်တော့ သူနှင့် ကုကီး နှစ်ယောက်ထဲသာ ဖြစ်လေသည်။

 ညဘက်ဖြစ်၍ လမ်းမှာ လူက မရှိသလောက်ရှင်းနေပြီး လေကလည်း တဖြူးဖြူးတိုက်နေလေသည်။ ခြေလှမ်းနှေးနှေးနှင့် လျှောက်နေရင်း ချည်သား ၀မ်းဆက်နှင့် ကလေးကို လှည့်ကြည့်မိသည်။ လေကြောင့် ဆံနွယ်ပျော့ပျော့တို့က လွင့်နေပြီး နဂို အသားရည် နုနယ်မှုကြောင့် မျက်နှာတပြင်နှင့် နားများပါ ရဲနေလေသည်။ ထပ်၀တ်လာသော အပေါ်ထပ်ကို ခြုံပေးလိုက်တော့ မော့ကာ ကြည့်လာသည်။ 

"အေး‌နေတယ် ၀တ်ထား"

သူပြောလိုက်တော့ မျက်နှာကို သေချာကြည့်နေသည့် ကုကီးမှ ဘာမှမအေးဘူးဆိုကာ အင်္ကျီရင်ဘတ်ကို ဆွဲစိပြီး ကားမှတ်တိုင်ဘက်ကို ပြန်ပြေးလေသည်။

"ကုကီး ဘယ်လဲ !"

ဘာမှမပြောဘဲ စွပ်ပြေး‌နေသူလေးကြာင့် မတတ်နိုင် ကိုယ်ပါ ပြေးလိုက်ရတော့သည်။ ပြေးသွားသည့် နေရာသည် တခြားမဟုတ် ယခင် ဘတ်စ်ကားမှတ်တိုင်တွင်သာဖြစ်သည်။ ထိုနေရာ‌‌မှာ ခုံပေါ်မထိုင်ဘဲ စောင့်ကြောင့်လေးထိုင်ပြီး ငြိမ်နေလေသည်။

"ဘာဖြစ်တာလဲ ကုကီး ဘာဖြစ်လို့လဲ"

သူ စိတ်ပူတကြီး မေးမိတာ့ ကလေးဟာ ရှုံ့ရှုံ့မဲ့မဲ့လေးနှင့် မော့ကြည့်လို့လာသည်။

"ကိုကိုhyung~"

"အင်း ကိုကိုရှိတယ်နော် ကလေးဘာဖြစ်လို့လဲ ကိုကို့ကိုပြော"

"အခုတလောလေ"

"အင်း"

"ဗိုက်ထဲက~"

"အင်း ဗိုက်ထဲက ဘာဖြစ်လဲ"

စကားကိုဆက်မပြောဘဲ ရပ်နေသာ ကုကီးကြောင့် စိုးရိမ်စိတ် ရေချိန်ဟာ မြင့်တတ်လို့လာသည်။ ရုပ်ကလေးကလည်း အခုထိတိုင် မကြည်လင်သေးတော့ ပိုဆိုးရသည်။

Kookie!!!Where stories live. Discover now