1

93 14 10
                                    

"သား ဒီနားမှာ ဘဲ နေနော် Appa ဧည့်သည်တွေကို နှုတ်ဆက်လိုက်အုံးမယ်"

မျက်လုံးတွေနီ၍ အမ်းနေသောမျက််နှာဖြင့်သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး၏ အပြောကို ခေါင်းလေးငြိမ့်ရင်း ပြန်ဖြေလိုက်သည့် ကလေးလေးတစ်ယောက်။

အမေဖြစ်သူရဲ့ ဓာတ်ပုံလေးဘေးတွင် ပုံ့ပုံ့လေးထိုင်နေပြီး လာသမျှ လူတိုင်းကို မျက်လုံး အဝိုင်းသား‌လေး နှင့် လိုက်ကြည့်နေသည်။ ခါတိုင်းဆို ဒီချိန် ဆေးရုံကိုသွားပြီး Omma နဲ့တွေ့ မနက်စာ အတူစားပြီး မူကြို သွားနေကျပေမယ့် ဒီနေ့မှာတော့ Omma က ပန်းတွေကြားမှာ လှလှလေး အိပ်နေပြီး လူတွေ အများကြီးကလည်း အိမ်ကို လာလည်နေကြသည်။

Appa ရဲ့မျက်လုံးတွေကတော့ မနက်က သူနိုးတော့ မျက်လုံးတွေကို အတင်းပွတ်နေတာ‌ကြောင့် ရဲနေတာဖြစ်ပါလိမ့်မည်။အဲ့ဒါ‌ကြောင့် Omma က သူ့မျက်လုံး‌လေးတွေကို ပွတ်တိုင်း တားလေ့ရှိသည်လေ။

"သား လာပါအုံး သား ဆရာမ လာတယ်"

Appa ကခေါ်သည်နှင့် သူ အပြေးလေး သွားလိုက်သည်။ မူကြို(ကလေးထိန်းကျောင်း)က ဆရာမက သူ့ကို တွေ့တော့ ပြုံးပြပြီး ပွေ့ချီသည်။

"သား ဆရာမကို နှုတ်ဆက်အုံးလေ"

"မင်္ဂလာပါ "

"မင်္ဂလာပါ Jinie လေးရေ"

"Jinie ကို ကျွန်မကြည့်ထား လိုက်မှာမလို့ Jinie တို့ Appa က ကလေးကို စိတ်မပူဘဲ လုပ်စရာရှိတာ လုပ်ပါ"

"ဟုတ်ကဲ့ အဲ့လိုဆိုရင်တော့ ကျေးဇူးပါဘဲဗျာ"

ထိုနေ့က ညနေစောင်း ဧည့်သည်တွေအကုန် ပြန်သွားကြသည့်အချိန်မှ Appa နှင့်အတူ ရေမိုးချိုး ညစာအတူစား၍ အိပ်ရာ၀င်ခဲ့ရသည်။ထိုနေ့မှစ၍ ဆေးရုံမှ Omma ကို သွားမကြည့်တော့တာကြောင့် မေးကြည့်တော့ Omma က ကောင်းကင်ပေါ်က ကြယ်လေးဖြစ်‌နေ‌ပြီတဲ့။ ပြန်လာလို့ မရတော့ဘဲ အပေါ်ကနေဘဲ စောင့်ရှောက်တော့မှာတဲ့ ။နည်းနည်းတော့ လွမ်းပေမယ့် ဘာမှ မသိတတ်‌သေးသည့် ကလေးအရွယ်လေးဖြစ်တာရော နဂို အေးအေးဆေးဆေးနှင့် တစ်ယောက်ထဲလည်းနေတတ်တဲ့ကလေးလေး ဖြစ်တာရောကြောင့် အဆင်ပြေခဲ့ပါသည်။

Kookie!!!Où les histoires vivent. Découvrez maintenant