9

32 6 2
                                    

"ကိုကို ကျွန်တော်တို့ ဘယ်တော့လောက် လက်ထပ်ကြမလဲဟင်"

ကိုကို နားရက်ရတုန်းလေး သူတို့ ဟန်မြစ်စီ လမ်းလျှောက်ထွက်ခဲ့ခြင်းဖြစ်သည်။ ကိုကို့လက်ကိုတွဲပြီး မြစ်ပြင်ကျယ်ရဲ့အလှနဲ့ ၀င်ခါနီးနေလုံးကြီးရဲ့ ရောင်ခြည်အောက် ကိုကို့ မျက်နှာနုနု ကို ငေးကြည့်ရတာဟာ ဒီနေ့အဖို့ သူ့အတွက် စိတ်အ၀င်စားအလုပ်တစ်ခု။ ကိုကိုကတော့ တစ်ခုခုကို အလေးအနက်တွေးနေပုံပါဘဲ။ အခုတလော သူ့ကိုလည်း အရင်လို ဂရုမစိုက်ပေးဘူး။ ဒါပေမယ့်လည်း ဒါတွေရဲ့အကြောင်းရင်းက ကိုကိုက သူ့ကို မချစ်လို့မဟုတ်ဘဲ ဒယ်ဒီခိုင်းထားတဲ့ အလုပ်တွေကြောင့်ဆိုတာ သိနေတော့လည်း မငြိုငြင်ရက်ပါ။

အခုတလောဆို ကိုကို့မျက်နှာလေးဟာ ခပ်နွမ်းနွမ်းရယ်။ သူကပါ ရစ်နေရင် ကိုကို ထပ်ပင်ပန်းရမှာပေါ့။ သူတွေးရင်း ကိုကို့ကို ပိုချစ်လာတာကြောင့် တွဲထားတဲ့လက်ကို ဖြုတ်ပြီး ကိုကိုလက်မောင်းကို ဖတ်တွယ်လိုက်သည်။ ခေါင်းလုံးလုံးလေးကတော့ ကိုကို့ရဲ့ ပခုံးကျယ်ကြီးပေါ်မှာ နေရာယူလျက်နဲ့ပေါ့။

"အခုရက်ပိုင်းက ရှယ်ယာရှင် အစည်းအဝေးတွေက ဆက်နေလို့ ကုကီးရဲ့ ကိုကိုလည်း ကု နဲ့လက်ထပ်ဖို့ အမြန်ဆုံး စီစဉ်ချင်နေပါပြီ "

"ကျွန်တော်က စောင့်နိုင်ပါတယ် အကြာကြီးလည်း စောင့်ပြီးနေပြီဘဲ အခုနည်းနည်းဘဲ ထပ်စောင့်လိုက်လို့ ဘာမှမဖြစ်ပါဘူး ဟီး"

ဆော့ဂျင်ပုခုံးပေါ် ခေါင်းလုံးလုံးလေး မှီတွယ်ထားရာကနေ ပြောင်းပြီး မေးစေ့လေးကို ပုခုံးပေါ်‌တင်လိုက်ကာ ပြုံးပြတော့ ကိုကိုက သူ့ကို ကြည့်ပြီး လိုက်ပြုံးသည်။ အဲ့လြိပါဘဲ ချစ်နေကြတော့လည်း တစ်ယောက်ပြုံးနေတာမြင်ရရင် နောက်တစ်ယောက်က အလိုလို လိုက်ပြုံးနေမိတာမျိုး။ ပြီးတော့ ကိုကိုက မျက်နှာလေးကို တယုတယ ကိုင်ရင်း

"ကိုကို့ကလေးလေးတောင် အရွယ်ရာက်လာခဲ့ပြီ"

ကိုကို့စကားကြောင့် ဆူပုပ်ပုပ်လေးဖြစ်သွားသူမှာ Jeon kookie. လေးသာ။

" ကျွန်တော်က အရွယ်ရောက်နေတာဖြင့်  ကြာနေပါပြီနော်"

"ဟုတ်ပါပြီဗျာ"

Kookie!!!Where stories live. Discover now