6

50 9 3
                                    

"ဟုတ်တယ် ကျွန်တာ် ကိုကို့ကို ချစ်တယ်"

ကုကီးဆီက စကားကို ကြားပြီး ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားရသည်။ ဘယ်လို ကုကီးကလည်း သူ့ကို ချစ်သည်တဲ့လေ။

ရုတ်တရက်လေတွေတိုက်လာသလို ပတ်၀န်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်။သူကြားလိုက်ရတဲ့ စကားဟာ တကယ်လား အတည်လား မဝေဖန်နိုင်တော့။ မျက်စိရှေ့က အရည်ကြည်ဝေ့နေတဲ့ မျက်လုံးလေးတွေထဲမှာသာ နစ်နစ်မျောမျောနဲ့ ကျွံ၀င်နေလျက် ကျောက်ရုပ်လိုဖြစ်နေလေသည်။

"သားငယ်!"

အန်တီရဲ့ အသံ ကြားမိတာကြောင့် ကုကီး ခေါင်းအောက်က ဘယ်ဘက်လက်အား ပြန်ထုပ်ဖို့လုပ်ရသည်။ သို့သော် ကုကီးက သူ့လက်အား အထုပ်မခံဘဲ ခန္ဓာကိုယ် တစ်ခုလုံး သူ့ဘက်လှည့်လာပြီး ညာဘက်လက်‌‌ကိုပါ လက်ချောင်းတွေ နှင့် ဆုပ်ကိုင်ထားရင်း မျက်လုံးများ မှိတ်ချ ထားလေသည်။

အန်တီက လိုက်ကာ ဆွဲပြီး ၀င်လာသည့်အချိန် seokjin ခင်ဗျာ မျက်လုံးလေး အပြူးသားနှင့်။ ဘာပြောလို့ ပြောရမှန်းမသိဖြစ်နေသော နှုတ်ခမ်းနှစ်လွှာသည်လည်း ခပ်ဟဟ ပွင့်လို့နေပါ‌သေးသည်။

အန်တီသည်လည်း သူ့ကို မြင်တဲ့အခါ အနည်းငယ်တော့ တုံ့ဆိုင်း သွားပြီး ချက်ချင်းပင် သူ့ကို လျစ်လျူရှုကာ ကုကီးအား အဆင်ပြေလား သက်သာလား မေးနေလေသည်။

အမြဲတမ်း ကိုယ့်အပေါ်ဆို အမေရင်းနှင့်မခြား ပြုစုစောင့်ရှောက်ခဲ့သူမလို့ အခုလို လျစ်လျူရှုခံရတဲ့အခါ စိတ်ထဲ စို့စို့နင့်နင့်ရယ်။ အပြစ်ရှိသူမလို့ စိမ်ငယ်စိတ်နဲ့အတူ ခေါင်းကို ငုံ့ထားတော့ ဆုပ်ကိုင်ခံထား‌ရသော လက်ချောင်းများက တင်းကြပ်လာသည်ကို ခံစားလိုက်ရသည်။

ကိုကိုက သနားစရာ ကောင်း‌‌မနေပါဘူး ကလေးရယ်။ ကိုကိုက မလုပ်သင့်တာကို လုပ်ခဲ့မိတာမလို့ ကိုကို့ကို မသနားပါနဲ့ ကလေးငယ်။

အန်တီသည် ကုကီးအား ချော့တခါ ခြောက်တလှည့်ဖြင့် ခေါ်ကာ အိမ်သို့ပြန်သွားလေသည်။ နောက်ဆုံးအချိန်ထိ ကိုယ့်လက်ကို ဆွဲထားသော ကလေးငယ်ကိုလည်း ပြန်မဆွဲထားရဲ။ ကိုကိုက ဘယ်တုန်းကမှ ကုကီးနဲ့ မထိုက်တန်ခဲ့တဲ့ ကောင်ပါ။ ကိုကို့ကို ခွင့်မလွှတ်လိုက်ပါနဲ့ ။ ကိုကို့ကို....

Kookie!!!Where stories live. Discover now