11 (end)

52 7 9
                                    


ကောင်းကင်ယံတွင် ထိန်ထိန်သာနေသော နေမင်းကြီးသည် လောကကြီးအား အနွေးဓာတ်မပေးနေပါ။ Korea ရဲ့ ဆောင်းရာသီဖြစ်တာကြောင့် လမ်းမတစ်ခွင်၀ယ် နှင်းတွေကျနေပြီး အပင်ရဲ့အကိုင်းအခက်တွေနဲ့ အိမ်ခေါင်မိုးစွန်းတို့တွင် နှုင်းမှုန်များအပုံလိုက်ဖြင့် ဟိမာန်တရဲ့ အလှအား  အစွမ်းကုန် ပုံဖော်‌နေကြတာဘဲ ဖြစ်သည်။

"ကိုကို လူဆိုးကွာ အင့် အင့်"

အပြင်လောကနှင့်အပြိုင် အေးချမ်း‌နေပါသော အခန်းတွင်းလေထုဟာ ကိုကို့ရဲ့ ကုကီး၏ အသံစွာစွာလေးကြောင့် ဖြိုခွဲခံလိုက်ရပါတော့သည်။

အကြောင်းကတော့...

ဒီနေ့ အလုပ်ပိတ်ရက် ဖြစ်တာကြောင့် ဆော့ဂျင်အိမ်မှာဘဲ မနက်ဖြန် အတွက် လုပ်စရာ တချို့အား laptop ဖြင့် စီစဉ်နေဖြစ်သည်။ ဒါကို အနားတွင် ထိုင်နေသော Jeon ပေါက်စမှ နေရင်းထိုင်ရင်း လက်မောင်းအား နှစ်ချက်လောက်ထချ သဖြင့် ဆော့ဂျင် တော်တော်လေး အီသွားရပါသည်။

"ဘာ ဘာဖြစ်တာလဲ ကုကီးရဲ့"

သူ ကုကီးကို နားမလည်နိုင်သလိုကြည့်တော့ ကုကီးဟာ နှုတ်ခမ်းကို ဆူထားပြီး သူ့အား မကျေမနပ်ကြည့်နေလေသည်။ လက်ထဲကိုကြည့်လိုက်တော့ ဖုန်း screenထက် သူတို့ wedding day က video က ဖွင့်လျက်သားဖြစ်သည်။

"ကုကီးရယ် အဲ့ကိစ္စက အခုထိ မကျေနပ်သေးဘူးလားကွာ ကိုကိုတို့ အိမ်ထောင်သက်ဘဲ နှစ်နှစ်ရှိနေပြီကို"

"ကျေနပ်စရာ ကိစ္စလား လူတွေရှေ့မှာ ခ
င်ဗျားက ပိုချစ်တဲ့ ပုံစံမျိုး ဖမ်းထားတာလေ တကယ့်တကယ် ကျွန်တော်ကမှ မခိုးတဲ့နောက်ကို အတင်း လိုက်ပြီး ပိုချစ်ရတာပါနော်"

"ကုကီးကလည်းကွာ ကိုကိုက-"

သူ့စကားမဆုံးလိုက် ထ ထွက်သွားတဲ့ ကုကီးကြောင့် သူ အနောက်ကနေ လိုက်ရပြန်သည်။ သူတို့ လက်ထက်ပြီးကတည်းက ကုကီးက ထို vd ကိုကြုံတိုင်းကြည့်ပြီး သူ့အား ကြုံတိုင်းပြဿနာရှာလေ့ရှိသည်။ အကြောင်းအရင်းကတော့ စုံလင်ပါသည်။ သီချင်းကို သူတစ်ယာက်ထဲရှေ့မှာ မဟုတ်ဘဲ လူတိုင်းရှေ့ဆိုပြလို့၊ လက်ထက်ခါနီး ဂျာမန်က ပန်းချီပညာရှင်အား သွားရောက်ဖိတ်‌မံတကပြုသည်ကို သူ့အားပြောမသွားလို့၊ vd ထဲ တစ်စွန်းတစ်စပါလာခဲ့သည့် နောက်က ကောင်မလေးတွေက ဆော့ဂျင်ကို ကြည့်နေလို့ စသဖြင့် တစ်ခေါက်နှင့် တစ်ခေါက် ကွဲပြားအောင် ပြဿနာ ရှာလေ့ရှိပါသည်။

Kookie!!!Место, где живут истории. Откройте их для себя