5

46 10 7
                                    


"ဒုန်း! ဒုန်း! "

" သား ဆော့ဂျင် အထဲမှာလား "

တံခါးကိုထုသံ လက်ကိုင်လှည့်သံနှင့် အတူ အဖေ့ အသံ ထွက်လာတာ့ ငိုနေသော ကလေးရော ဆော့ဂျင်ရော ကြောင်သွားရသည်။ နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြောင်ကြည့်နေကြပြီး ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။ ယခု ပုံမှာ ကုကီးက အပေါ်ပိုင်း ဗလာ ဖြစ်ပြီး သူ့ ကိုက်ရာများနှင့် အတူ စောင်ပုံထဲ မှ ခေါင်းထွက်ကာ ဆော့ဂျင် ရင်ခွင်ထဲ ရောက်နေသည်။ ဆော့ဂျင်ကတော့ အင်္ကျီ ကြယ်သီး နှစ်လုံးလောက် ပြုတ်နေကာ ကုကီးအား ဖက်ထားလျက်သား။

အခန်းထဲအား ဝေ့ဝဲကြည့်၍ bathrobe ဘာညာ ရှိမလားရှာကြည့်သော်လည်း ခပ်ပေါပေါ နုံချာချာ club ဖြစ်၍ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကုတင်ကလွဲလျှင် ကျန်တာ ဘာမျှ မရှိချင်ပေ။

" ဆော့ဂျင် ၊ ဂျောင်ကု အထဲမှာ ဆိုရင် တံခါး ဖွင့်ကြအုံး အိမ်မှာ မင်းတို့ အမေ တစ်ယောက်ထဲ ကျန်ခဲ့တယ်"

နောက်ဆက်တွဲ ကုကီး အဖေအသံ ပါ ကြားရတာ့ ဆော့ဂျင်မနေသာတော့ ကုကီးအား သူ့အင်္ကျီချွတ်၍ ၀တ်စေပြီး သူကတော့ တံခါးနားသွား၍ တံခါးဖွင့်ပေးရန် လုပ်သည်။ သို့သော် တံခါးသည် သူ့ဘက်ကလည်း ဖွင့်မရပြန်ပါ။ ထို့ကြောင့် တံခါးကို ပြန်ထုရင်း အဖေတို့အား တံခါးဖွင့်မရကြောင်းပြောလိုက်မှ အပြင်ကနေ အဖေတို့ တိုင်ပင်သံနှင့်အတူ ခန အကြာ ၀န်ထမ်းများ အကူအညီဖြင့် တံခါးအားဖွင့်နိုင်ခဲ့လေသည်။

တံခါးပွင့်တော့ အပေါက်၀နားတွင် အပေါ်ပိုင်း အင်္ကျီမပါဘဲ ရပ်နေတဲ့‌ ဆော့ဂျင်ကြောင့် ၀န်ထမ်းကောင်လေးက နှုတ်ဆက်ကာ ထွက်သွားပေးသည်။ ထိုအခါ အဖေတို့က အခန်းထဲ၀င်လာပြီး ကျွန်တာ်တို့ နှစ်ယောက်အားကြည့်ကာ

"ဘာတွေ ဖြစ်ကုန်တာလဲ "

"ဂျောင်ကု မင်းက အဲ့ဒါ ဘယ်လို ဖြစ်နေရတာလဲ!"

ဆော့ဂျင်အဖေကတော့ အခြေအနေကို နားမလည်ဟန် နှင့် မတ်တပ်ရပ်နေသော်လည်း ကုကီး အဖေမှာတော့ ဆော့ဂျင်ကို တစ်ချက်သာကြည့်ပြီး ကုကီးဆီသွားကာ တစ်ကိုယ်လုံးကို စစ်ဆေးနေလေသည်။

Kookie!!!Where stories live. Discover now