10

33 7 0
                                    

" Daddy! နောက် တစ်ပတ်နေရင်ဘဲ လက်ထပ်ရတော့မှာကို ဘာလို့ ကိုကို့ကို လွှတ်လိုက်ရတာလဲ"

ကုမ္ပဏီမှ ပြဿနာတွေ ချောက်ချခြင်းတွေသည် ကုကီးက ဆက်ခံသူ ဖြစ်ပြီ ဆိုသည်နှင့် တစ်၀က်က ငြိမ်းအေးသွားလေသည်။ ကိုကို့အား ရန်စွယ်ငေါပြရင်း မဖြစ်နိုင်ဘူးတွေ၊ သူဌေးသားအား အမိဖမ်းခြင်းတွေသည်လည်း ကိုကို့ရဲ့ project တွေနဲ့အတူ နှစ်နှစ်အတွင်း company ရဲ့ အင်ပါယာ တိုးချဲ့နိုင်ခဲ့ခြင်းတွေကြား ဆုံးဆုံး မြုပ်ခဲ့လေပြီ။ တစ်ချိန်က ရည်းစားဟောင်း၏ အဖေသည်လည်း မယှဉ်နိုင်၍ သူ့တန်းနှင့်သူ ကျန်ခဲ့ရပြီ ဖြစ်သည်။

ကုကီးကတော့ ဆက်ခံသူ အမည်ခံရင်း ပန်းချီဘက် ခြေပြန်ဆန့်ခဲ့သည်။ ကိုကိုကတော့ ဒုဥက္ကဌ ရာထူးနှင့်အတူ Jeon gp ကြီးတစ်ခုလုံးအား အုပ်ချုပ်နေလေသည်။ သူကတော့ ကိုကိုလာပေးတဲ့ စာရွက် တချို့တွင် မျက်စိမှိတ်၍ လက်မှတ်ထိုးလိုက်ရုံသာ လုပ်ရတာ့သည်။

သို့သော်လည်း မာနမိုးထိ ကိုကိုဟာ JEON gp ရဲ့ ဒုဥက္ကဌလစာသာယူပြီး ရှယ်ယာတွေ ၀ယ်ယူခဲ့လေသည်။ ဒါ့အပြင် Jeon gp နဲ့ ပတ်သက်သည့် service ပိုင်းတွေ အား J&K အမည်ဖြင့် သီးခြား လုပ်ငန်းတစ်ခုအဖြစ် လည်ပတ်စေခဲ့ပါသည်။

Daddy ကတော့ အနားယူတယ်ဟု ဆိုကာ အိမ်မှာ ဘဲ နေတော့သော်လည်း ပျင်းရင် ပျင်းသလို အလုပ် ထထ လုပ်တတ်ပါသေးသည်။ အခုလည်း ကိုကို မသွားလည်း ဖြစ်တဲ့ ခရီးစဉ်ကို ကိုကို့အား အတင်းလွှတ်လိုက်ပြန်ပါသည်။
နောက်တစ်ပတ်ဆိုရင်ဘဲ သူနဲ့ ကိုကို လက်ထပ်ဖို့ ပြင်ဆင်ထားကြသည်ကို ဒယ်ဒီမေ့လျော့များနေလေသလား။

"ငါက လိုလို့လွှတ်တာပေါ့ မင်းမရှည်စမ်းနဲ့ ဟိုမှာ အလုပ်ကသိပ်များဘူး meeting နှစ်ခါ‌လောက်တတ်ပြီးရင် ပြီးပြီ"

"အဲ့ဒါပြောတာလေ အဲ့လောက်လွယ်နေတဲ့ ကိစ္စကို MD Song ကို လွှတ်လိုက်ရင်တောင် ရနေတာ ဟုတ်ဖူးလား"

"တော်တော် Jungkook မင်း ဆံပင်တွေဟာ ညှပ်ဖို့ အရင်လုပ် ရန်စွာတာကို ဆံပင်တခါခါနဲ့"

မင်္ဂလာပွဲနေ့ကျ လိုသလို ပြင်လို့ရရန် အရှည်ထားထားသော သူ့ဆံပင်တွေအား မျက်စောင်းထိုး၍
ဒယ်ဒီကပြောရင်း မာမီချည်ထိုးနေသည့်ဆိုဖာတွင် သွားကာ လှီးထားပြီးသား ပန်းသီးစိတ်များကို မာမီ့အညး ခွံ့ပေးနေလေသည်။ သူတားနေလည်း သွားတဲ့သူက ရောက်တောင် နေပြီမလို့ သူဘာမှ မတတ်နိုင်တော့ပါ။ သူ့ကို ဘာမှ မပြောဘဲ ခိုးထွက်သွားတဲ့ ကိုကို့ကို စိတ်ကောက်ရအောင်လည်း ပြန်လာရင် မင်္ဂလာပွဲရှိသးတာကြောင့် သူ့မှ စိတ်ကောက်နိုင်မည်မဟုတ်ပါ။ တော်သေးတာက ဆန္ဒတွေ စောနတဲ့ သူ့ကြောင့် ၀တ်စုံရော လက်စွပ်ရော နေဖို့ထိုင်ဖို့ပါ အကုန်စီစဉ်ပြီး ဖြစ်နေလို့သာ တော်တော့သည်။

Kookie!!!Where stories live. Discover now