Episode (1)

73 11 1
                                    

"မေမေသားဒီမှာတက္ကသိုလ်မတက်ချင်ပါဘူးဆိုနေမှအဲ့ပဲပြန်လာမယ်လို့"

"မလာနဲ့နေအဲ့ဒီမှာပဲထပ်ဖုန်းခေါ်နေရင်မင်းအဖွားဆီပို့မှာနော်"

မိုးလင်းကတည်းကစိတ်ကြည်လင်မှုရှိမနေပါသောယူလေးပင်။ကိုရီးယားမှာမွေးခဲ့တာဆိုပေမယ့်ဆွစ်ဇလန်မှာပဲနေပြီးကြီးလာခဲ့သောကြောင့်ကိုရီးယားမှာသူငယ်ချင်းရယ်လို့မရှိသည့်အပြင်အသိမိတ်ဆွေဆိုလို့ရယ်လည်းမရှိခဲ့ပေ။ဆွစ်ဇလန်မှာရန်ဖြစ်တာများပြီးဆိုးလွန်းလို့ထင်သူ့ကိုမေမေကမောင်းထုတ်လိုက်လေပြီးကိုရီးယားမှာတက္ကသိုလ်ပြီးအောင်တက်ပြီးမှပြန်လာခဲ့တဲ့လေ။အလည်လည်းပြန်မလာခဲ့နဲ့တဲ့လေ။မဟုတ်မမှန်စိတ်ကလည်းရှိပြီးသူ့ကိုပြောရင်နည်းနည်းလေးတောင်မကြိုက်တတ်သူမို့စိတ်မထိန်းနိုင်ဘဲရန်ဖြစ်ခဲ့တာများသည်။တခြားလူတွေလိုရည်းစားရှုပ်အရက်တွေသောက်ပြီးဆိုးနေတဲ့အထဲလည်းထည့်မရပေ။ရည်းစားကတော့သူထားချင်စိတ်ရှိရင်ခဏလောက်ထားပြီးဖြတ်လိုက်တယ်သုံးလေးယောက်လည်းအပြိုင်တွဲနေတာခြင်းမဟုတ်သလိုဘေးနားမှာလည်းမိန်းကလေးတကားကားနဲ့နေနေခဲ့ခြင်းလည်းမဟုတ်ပေ။

"ဟာ.....ငါ့ကိုဘယ်လိုလုပ်စေချင်နေတာလည်းမသိဘူးမေမေကလည်းအိမ်ဘေးကအကောင်နဲ့မတည့်တာကတစ်မျိုး"ယူလေးတစ်ယောက်တည်းသာရေရွတ်ရင်းတက္ကသိုလ်သွားရန်သာပြင်ဆင်ရတော့သည်။

မသွားလို့လည်းမရပေကျောင်းပိုင်ရှင်ကမေမေသူငယ်ချင်းဖြစ်နေ၍အမြဲလိုလိုသူကျောင်းမလာနေသည်ကိုမေမေအားသတိပို့ပေးနေလျှင်မုန့်ဖိုးပို့ပေးတာပဲအဆက်ပြတ်သွားလိမ့်မည်ပင်။

ယူလေးလည်းစိတ်မကြည်၍နှုတ်ခမ်းလေးဆူကာကျောင်းသွားရန်အိမ်ရှေ့ထွက်လာသောအခါသူ့ရှေ့ကနေဖြတ်သွားသောစက်ဘီးကြောင့်လမ်းပေါ်မှာရှိနေသောရေအိုင်မှရေများသူ့ဘောင်းဘီအောက်ပိုင်းတွင်စင်သွားတော့သည်။

"ရားးးးးးးးဟိုစက်ဘီးနဲ့တစ်ယောက်"

သူ့အော်သံကြားလို့ထင်စက်ဘီးခဏတာရပ်သွားပြီးနောက်ပြန်လှည့်လာသောစက်ဘီးပိုင်ရှင်သည်သူကိုရီးယားရောက်ရောက်ခြင်းမှာပင်မိတ်ဆွေမဟုတ်ပဲရန်သူဖြစ်လာခဲ့တော့ကောင်လေးပင်။

✷ LOVE BEGINS WITH AN ENEMY//(⁠✯⁠ᴗ⁠✯⁠)DOSHINWhere stories live. Discover now