ep{2}

47 9 1
                                    

ဒိုဟွန်းကျောင်းဆင်းပြီးအကလေ့ကျင့်နေတာည8နာရီလောက်မှာပင်အိမ်ပြန်လာနိုင်တော့သည်။

အိမ်ပြန်လာရင်းသီးချင်းလေး‌နားထောင်ပြီးတိတ်ဆိတ်လှတဲ့ပတ်၀န်းကျင်မှာအေးဆေးလမ်းလေးလျှောက်ပြီးအတွေးလေးများတွေးကာလျှောက်နေခဲ့သည်။တစ်နေကုန်အုံမိုင်းမိုင်းဖြစ်နေသောရာသီဥတုကမကြာခင်ပင်ရွာချတော့မည်အလားရှီနေခဲ့သည်ပင်။

ဒိုဟွန်းတွေးနေတုန်းရှိသေးပင်တစ်ပြောက်ပြောက်ကျလာပါသောမိုးစက်လေးတွေကြောင့်တစ်ချက်သက်ပြင်းချရင်းပင်အိမ်သို့ရောက်ရန်အမြန်ဆုံးခြေလှမ်းများဖြင့်သာပြေးရပေတော့သည်။

ယူလေး‌နေနေကြမြို့မဟုတ်သောကြောင့်ပင်ကျောင်းပြီးသည်နှင့်အိမ်ကိုတန်းပြန်လာခဲ့သည်။အိမ်တွင်းမှာပဲနေရင်းတစ်ယောက်တည်းအချိန်ဖြုန်းနေခဲ့တော့သည်။ငယ်ငယ်လေးကတည်းနေခဲ့သည့်မြို့မဟုတ်တော့သွားစရာနေရာတွေတေယ့ရှိမနေခဲ့ပေ။ပုံမှန်ဆိုသူငယ်ချင်းများနှင့်အတူပျော်ပျော်ပါးပါးနေခဲ့ပြီးညဉ့်နက်မှသာအိမ်ပြန်တတ်သောယူလေးကတော့သူ၏အမေကျေးဇူးကြောင့်မခုတ်တက်တဲ့ကြောင်လေးလိုနေနေရတော့သည်ပင်။

တစ်ယောက်တည်းပျင်း၍အပြင်ထွက်ပြီးလမ်းလျှောက်ခဏထွက်ချိန်အလိုက်ကန်းဆိုမသိပါဘဲရွာချလာသောမိုးကြောင့်ယူလေးညီးညူးမိတော့သည်။အိမ်ထဲမှာနေနေတဲ့တစ်လျှောက်လုံးကရွာမလာပါဘဲသူအပြင်ထွက်မှရွာလာခဲ့သည်တဲ့လေ။တွေ့တဲ့ဆိုင်ကနေထီး၀င်၀ယ်ပြီးအိမ်သို့သာပြန်လာခဲ့တော့သည်။

"ဟော....ဘယ်သူများလဲလို့အရိုင်းအစိုင်းလေးပဲ"

ဒိုဟွန်းမိုးရွာထဲပြေးနေရတဲ့ကြားထဲဘေးကနေထွက်လာသောအသံကြောင့်လှည့်ကြည့်မိတော့သူ့အားပြောင်ချော်ချော်မျက်နှာဖြင့်ပြောနေသောယူလေးအားမြင်မိတော့သည်။

"ခင်ဗျားးကဘာလုပ်တာလဲ"

"ငါကအိမ်ပြန်နေတာလေမမြင်ဘူးလား"

"ကိုယ့်လမ်းကိုယ်သွားလေအဲ့ဒါဆိုလည်း"

"သွားမှာပေါ့....ဒါပေမယ့်လေအစအေးအေးဆေးဆေးလမ်းလျှောက်ပြန်နေတာ...မင်းကမိုးရေထဲမှာထီးမပါဘဲပြေးနေတော့...."

✷ LOVE BEGINS WITH AN ENEMY//(⁠✯⁠ᴗ⁠✯⁠)DOSHINWhere stories live. Discover now