Love begins with an enemy (intro ep)

130 13 3
                                    

"မေမေရာအိမ်ကိုဘယ်လိုနေရာ၀ယ်ပေးလိုက်တာလဲ"

"ဘာဖြစ်လို့လဲအမေ၀ယ်ပေးတာအိမ်လေးကကောင်းပါတယ်"

ယူလေးမှာအထုပ်ထဲကအကျီတွေထုတ်နေရင်းဖြင့်သာသဘောမတွေ့ကြောင်းပြောနေရတော့သည်။

"မေမေ၀ယ်ပေးလိုက်တဲ့အိမ်ကကောင်းတယ်မကောင်းတာကအိမ်ဘေးကပဲ"

"အိမ်ဘေးကဘာဖြစ်နေလို့တုန်း"

"ဆူညံနေတာပဲတစ်ရပ်ကွက်လုံးမှာသူတို့အိမ်ပဲရှိတဲ့ပုံနဲ့ဆွစ်ဇလန်ပဲပြန်နေချင်တယ်လို့"

"ထပ်ပြီးပြဿနာရှာအုံးမလို့ပဲမလားထပ်ပြီးဆိုးနေရင်မင်းအဖွားအိမ်ပို့ပေးလိုက်မှာ"

"ဟာ....ရက်စက်လိုက်တာဗျာ‌‌မေမေကလည်း....ကျွန်တော်မှားတာမှမဟုတ်တာပြဿနာဖြစ်တာက"

"ပြောလိုက်ရင်အဲ့တိုင်းပဲဘယ်တော့မှာသူ့အမှားကိုမရှိဘူး"

"လုပ်ပါဆွစ်ဇာလန်ပဲပြန်လာခဲ့ပါ့မယ်..‌မေမေ၀ယ်ပေးတဲ့ရပ်ကွက်ကခြံစည်းရိုးလေးတွေကသေးသေးလေးတွေတစ်အိမ်နဲ့တစ်အိမ်ခုန်ကူးခဲ့လို့တောင်ရတယ်..စိတ်မချရဘူးဒီမှာ"

"ရန်ဖြစ်တာတော်နေတာပဲဟာအဲ့လိုနေရာကြရန်ဖြစ်လိုက်ပေါ့ဒါပဲဆက်ပြောနေရင်မင်းအဖွားအိမ်ရောက်ပြီးအဲ့အိမ်ပါဆုံးမယ်မှတ်"

ရက်ရက်စက်စက်ဖုန်းချသွားပါသောမေမေ။အမြဲတမ်းပြဿနာရှာပြီးပြဿနာလိုက်ရှင်းနေရသောမေမေမှာသူ့ကိုနယ်နှင်ဒဏ်ပေးလိုက်သည့်ပုံဖြင့်ပင်။မဟုတ်မမှန်ဆက်ဆက်ထိမခံလေးမလို့ပြန်ပြီးပြောမိတာကိုလက်တွေ ပါကုန်တာတော့တတ်မှမတတ်နိုင်ပေ။တက္ကသိုလ်ကျောင်းသားဖြစ်နေသော်လည်းရန်ဖြစ်တာများပြီးကျောင်းပြောင်းရပေါင်းလည်းမနည်းခဲ့ပါချေ။

"ဟာ.....ရှီးး...နားညီးလိုက်တာဘေးအိမ်ကလည်းအတော်ပျော်နေလားမသိဘူး"

ယူလေးလည်းနားညီး၍စိတ်ကပေါက်လာသောကြောင့်ပင်ဘေးအိမ်အားသွားပြောရန်ထွက်လာခဲ့တော့သည်။

"ခြံတံခါးဖွင့်ထားတာပဲ...သူခိုး၀င်ခိုးပါစေညကြအဲ့ဒါမှသီချင်းမဖွင့်နိုင်မှာ"
ယူလေးဆုတောင်းပေးရင်းဖြင့်သာခွင့်ပြုချက်မရှိဘဲသူများခြံထဲ၀င်လာခဲ့တော့သည်။

"ဒီမှာ...ဒီမှာ....အိမ်ရှင်တို့"

အိမ်ရှေ့တံခါးကိုအကြိမ်ကြိမ်အခါအခါဘဲလ်တီးမှထွက်လာသောကောင်လေးတစ်ယောက်။ပုံစံကြည့်ရတာသူနဲ့အသက်သိပ်မကွာသလိုအရပ်လည်းသိပ်မကွာပေ။အပြင်ပုံကြည့်တာနဲ့တင်သူ့ထက်အကြောတင်းမည့်ပုံ။

"ဒီမှာ...သီချင်းနားထောင်လည်းအိမ်ထဲကြားရအောင်ပဲဖွင့်လေအခုဟာကအကျယ်ကြီးဖွင့်နေတာဆိုတော့ပတ်၀န်းကျင်နှောင့်ယှက်ရရောက်တာမသိတာလား?"

တစ်ခါမှမတွေ့ဖူးသောလူတစ်ယောက်မှသူ့အိမ်ရှေ့လာပြီးဆုံးမပြနေ၍

"ခင်ဗျားကဘယ်သူမလို့ဆရာလာလုပ်နေတာလဲ...ပတ်၀န်းကျင်လည်းလေ့လာလိုက်အုံးကျွန်တော့်ကိုမပြောခင်ဒီရပ်ကွက်မှာရှိတဲ့အိမ်တွေကဈေးတန်လို့၀ယ်တဲ့လူနည်းတယ်အနည်းဆုံးရှိလေးငါးအိမ်ပဲလူရှိတာ...ဘာတွေလာပြောနေတာလဲ"

သူ့အားဆက်ဆက်ထိမခံပြန်ပြောနေသောကောင်လေးကြောင့်

"လူမရှိလည်းမင်းဘေးအိမ်မှာငါရှိတယ်လေလူလိုသိပေါ့.."

"ခင်ဗျားကလည်းလူလို့သိပြီးမှခွင့်ပြုချက်
‌ေတာင်းပြီးသူများခြံထဲ၀င်ခဲ့လေ"

"မင်းလည်းလူလိုသိပြီးသီချင်းကိုကိုယ်ကြားရုံပဲနားထောင်လေ..မင်းလူလိုမသိတော့ငါလည်းလူလိုသိပြစရာအကြောင်းမရှိဘူးအိုခေ"

အဲ့နေ့မှစ၍နှစ်ယောက်သားရဲ့မပြီးဆုံးနိုင်သောရန်ဖြစ်မှုတွေစတင်လာခဲ့တော့သည်။မျက်နှာချင်းဆိုင်လိုက်တာနှင့်ကြောင်နှင့်ကြွက်အလားရန်ဖြစ်နေကြတော့သည်။

……………………………….………................…..…...…

Doshin ficအသစ်လေးလာပါပြီး
ယောရော်ဘွန်း🎉လိုအပ်ချက်တွေရှိတာမလို့လိုအပ်ချက်လေးတွေကိုပြောပြပေးကြပါအုံးနော်🫶🏻ဒီ ficလေးကိုလည်းအများကြီးကြိုးစားပြီးရေးပေးမှာမလို့ကြိုက်ကြဖို့မျှော်လင့်ပါတယ်။💞Lover from highschool နဲ့မတူညီတဲ့ vibe လေးကိုဖော်ပြပေးမှာမလို့အများကြီးစောင့်မျှော်ပေးကြပါအုံးနော်🤎

✷ LOVE BEGINS WITH AN ENEMY//(⁠✯⁠ᴗ⁠✯⁠)DOSHINWhere stories live. Discover now