ယူလေးအိပ်ယာနိုးပြီးအခန်းပြင်ထွက်လာတော့အခန်းရှေ့မှာထောင်ထားသောထီးတစ်ချောင်းအားတွေ့လိုက်သည်။
ထီးကိုကောက်ကိုင်ကြည့်ပြီးထီးပေါ်၌ရေးထားသော noteစာရွက်လေးအားဖတ်ကြည့်မိတော့
"ခင်ဗျားထီးပြန်လာပေးတာဖားကြောက်သူကြီး"ဆိုပြီးရေးထားလျက်ပင်။
ရှင်းဟျောင်ဟွမ်တို့ဘ၀ကတော့ကြည့်မရဘူးမတည့်ပါဘူးဆိုတဲ့လူရဲ့ရှေ့ကြမှအရှက်ကွဲမှုအကြီးကြီးကြုံရသည်တဲ့လေ။
ယူလေးလည်းလမ်းလျှောက်ထွက်ရန်အပြင်ထွက်လာခဲ့တော့သည်။နေမကောင်း၍အဖျားမကျသေးသောကြောင့်တစ်နေကုန်အိမ်ထဲမှာပဲငြီးငွေ့အောင်နေခဲ့ရသည်။အခုတော့အဖျားကျသွားပြီးဖြစ်၍အပျင်းပြေလမ်းလျှောက်ထွက်ရတော့သည်။
လေကောင်းလေသန့်ရှူရန်လမ်းလျှောက်ထွက်ဖို့စိတ်ကူးထားသော်လည်းအိမ်ရှေ့မှထွက်ထွက်ခြင်းပင်ရောက်လာပါသောမကောင်းမှုတွေပင်။
"အို...ဖားကြောက်သူကြီးးးပါ့လား"
"ရားးးမင်းပါးစပ်လေးပိတ်ပြီးကိုယ်သွားမယ့်လမ်းကိုယ်ဘာသာကိုသွားလို့မရဘူးလား"
"လူမှုရေးအရနှုတ်ဆက်တာပါမဟုတ်ရင်ရိုင်းရာကျသွားမှာပေါ့ဟုတ်တယ်မလား"
"မကျဘူးသွားကိုယ့်လမ်းကို မင်းနဲ့စကားနိုင်လုပြောဖို့လည်းအချိန်တွေအားမနေဘူး"
"ကျွန်တော်လည်းအားမနေပါဘူး...ဒါနဲ့လမ်းလျှောက်သွားရင်သတိထားသွားအုံးနော်ကျွန်တော်ခုနကဖားများမြင်ခဲ့သလားလို့လေ"
ဒိုဟွန်းမှာပြောင်ချော်ချော်ပုံစံဖြင့်ပြောရင်းယူလေးအားစနေခဲ့တော့သည်။
"မင်းဘာဖြစ်နေတာလဲ..."
"ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်ရင်ပါးစပ်လေးပိတ်ပြီးကိုယ့်လမ်းကိုသွားတော့လေ"
"သွားမှာပါ...နားလည်ပါတယ်အဲ့လိုပဲကျွန်တော့ရှေ့မှာအရှက်ကွဲထားတာဆိုတော့လေ"
ဒိုဟွန်းရဲ့ပြောင်ချော်ချော်မျက်နှာထားဖြင့်ဆက်တိုက်စနေခဲ့တော့သည်။
YOU ARE READING
✷ LOVE BEGINS WITH AN ENEMY//(✯ᴗ✯)DOSHIN
Fanfic"ငါကြည့်မရတဲ့လူတွေထဲမှာမင်းကထိပ်ဆုံးပဲဒိုဟွန်း" "ကျွန်တော်ကြည့်မရတဲ့ထဲမှာလည်းခင်ဗျားကထိပ်ဆုံးကပဲရှင်းဂျောင်ဟွမ်"
