"ပျင်းတယ်....ဒီနေ့အတန်းလစ်ကြမလားဒိုဟွန်း"
"မင်းဘယ်တုန်းကအတန်းမှန်အောင်တက်လို့လဲ"
"ဟာ....မင်းကလည်း..တက်ပါတယ်ဟ"
"တော်ပါ..စောစောစီးစီးပျင်းမနေနဲ့တက်ရမှာပဲအတန်းက"
"မင်းပဲသွားငါဒီနေ့အတန်းမတက်ဘူးညနေအကလေ့ကျင့်ချိန်ကြမှလာခဲ့မယ်"
"ဟင်...ချွဲယောင်းဂျယ်တို့ကတော့ပါမောက္ခဆီကအပြောခံရမှာမြင်ယောင်နေတယ်"
"ပြောခံရပါစေပေါ့..အစကတည်းကပါမောက္ခနဲ့ကတည့်တာမဟုတ်ဘူး"
"အေးအေးမင်းသဘောပဲ...အဲ့ဒါဆိုငါ့အိမ်မှာပဲနေမှာလားဒီနေ့က"
"မဟုတ်ဘူးကိုယ့်အိမ်ကိုပြန်မှာ"
ဒိုဟွန်းလည်းယောင်းဂျယ်နဲ့စကားပြောပြီးကျောင်းသွားရန်သာထွက်လာခဲ့တော့သည်။မေမေကမနက်ခင်းအစောကတည်းကသူတို့နှစ်ယောက်လုံးကိုမနိုးပဲအိမ်ပြန်သွားခဲ့သည်ပင်။
ကျောင်းသွားရန်ခြံရှေ့ကအထွက်ထုံးစံတိုင်းတွေ့နေကြဖြစ်တဲ့ယူလေးနှင့်ပင်အမြဲတွေ့နေပြန်သည်။သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်လိုက်တာနဲ့စကားအကောင်းကိုထွက်မလာခဲ့ပေ။
ဒီတစ်ခါတော့ဘာစကားမှမပြောဘဲဒိုဟွန်းကျော်သွားရန်သာပြင်လိုက်တော့သည်။မဟုတ်ရင်ထပ်ပြီးစကားများကြရပေလိမ့်အုံးမည်။
ယူလေးလည်းဘေးနားကဖြတ်သွားတဲ့လူကိုမမြင်မိဘဲတိုက်မိသွားတော့သည်။စိတ်တွေကမနက်ခင်းစောစောကတည်းကကြည်လင်နေခြင်းမရှိခဲ့ပါပေ။ဒီမှာနေရတာပျော်မနေခဲ့ခြင်းသာဖြစ်သည်။အမြဲတမ်းအိမ်ထဲမှာပဲနေနေရသလိုပေါင်းစရာသူငယ်ချင်းလည်းများများစားစားရှိမနေ၍ပင်ဖြစ်သည်။
အတွေးပေါင်းစုံတွေး၍အိမ်ရှေ့ထွက်လာခါမှမမြင်ဘဲလူတစ်ယောက်ကို၀င်တိုက်မိတော့ပြန်ပြီးတောင်းပန်ရပေအုံးမည်ပေါ့။
"ဆောရီးးပါနော်ကျွန်တော်မမြင်လိုက်လို့ပါ"
လူကိုတိုက်မိသွားမှန်းသိလိုက်သော်လည်းမည်သူ့ကိုတိုက်မိပါတယ်ဆိုတာကိုသေချာကြည့်မနေဘဲခေါင်းကိုသာငုံ့၍ယဉ်ကျေးမှုအရသာတောင်းပန်စကားပြောလိုက်သည်။
YOU ARE READING
✷ LOVE BEGINS WITH AN ENEMY//(✯ᴗ✯)DOSHIN
Fanfic"ငါကြည့်မရတဲ့လူတွေထဲမှာမင်းကထိပ်ဆုံးပဲဒိုဟွန်း" "ကျွန်တော်ကြည့်မရတဲ့ထဲမှာလည်းခင်ဗျားကထိပ်ဆုံးကပဲရှင်းဂျောင်ဟွမ်"