ep(5)

69 5 0
                                    

"ချွဲယောင်းဂျယ်!!!!!!"

"ဘာလဲ...အလန့်တကြားနဲ့ဘာလဲတစ်ရက်လေးကျောင်းလစ်လိုက်တာမမြင်ရလို့လွမ်းနေတာလား"

"သေလိုက်ပါ့လား"

"အဲ့ဒါဆိုဘာလို့အလန့်တကြားအိမ်ထဲ၀င်၀င်ချင်းအော်နေရတာတုန်းဟ"

"မတည့်ပါဘူးဆိုတဲ့လူတွေကိုမှရေစက်ကဆုံတာလားမသိဘူး"

"အေးးအဲ့ဒါငါပြောရအုံးမယ်မင်းအမေ....."

ယောင်းဂျယ်စကားဆုံးအောင်တောင်မပြောလိုက်ရဘဲကြားကဖြတ်ပြောပါသောဒိုဟွန်း

"နေအုံးငါအရင်ပြောမယ်"

"အေးအေးပြောပြော"

"ဟိုဘက်အိမ်ကလူနဲ့မှပရောဂျက်လုပ်ဖို့အတူကြရတယ်တဲ့ကွာ....မနက်ဖြန်ကြပရောဂျက်စဖို့အတွက်ရှိသမျှနာမည်ကြီးဆိုင်တွေရဲ့လုပ်ငန်းအကြောင်းတွေသွားလေ့လာရမှာလေကွာ....."

"ဘာများလည်းလို့သွားလိုက်ပေါ့ဟသူနဲ့ပဲ"

"ပြောတော့လွယ်တယ်လေ...တွေ့တိုင်းမတည့်တဲ့သူနဲ့ငါနဲ့ကပရောဂျက်ကောင်းကောင်းလုပ်နိုင်မယ်ထင်နေလားးးး"

"ထင်ပါတယ်....ဒါပေမယ့်ရေစက်တွေကဆန်းကြယ်တယ်နော်"

ဒိုဟွန်းမှာယောင်းဂျယ်ပြောစကားကိုနားမလည်သည့်ဟန်ဖြင့်...

"ဘာတွေပြောနေတာလဲမင်းး"

"မင်းတို့နှစ်ယောက်ကဆုံဖို့ကံကိုပါလာကြတာထင်တယ်"

"အရင်ဘ၀ကငါ‌မကောင်းတာလုပ်ခဲ့လို့ထင်တယ်အခုဘ၀ဒီလိုလူနဲ့မှလာဆုံရတယ်လို့"

ယောင်းဂျယ်ကတော့ရယ်လျက်ပင်...

"မဟုတ်လောက်ဘူးထင်တယ်နော်....တစ်နေ့ကြရင်မင်းအဲ့လိုတွေးပါ့အုံးမလားတောင်မသိဘူးနော်"

"အဲ့လူကိုကြည့်ရတဲ့ထဲမှာငါပါသွားမှာကိုမဟုတ်ဘူး"

"အေးပါအေးပါပြောထားပါအုံး"

"အဲ့ဒါတွေထားပါအုံး....ခုနကပြောချင်တဲ့စကားကဘာလဲ"

"အော်အန်တီကငါ့ဆီခုနကဖုန်းဆက်တာဟိုတစ်နေ့ကသူပြောတဲ့ကောင်လေးနာမည်သိရပြီတဲ့"

✷ LOVE BEGINS WITH AN ENEMY//(⁠✯⁠ᴗ⁠✯⁠)DOSHINWhere stories live. Discover now