Chapter- 5 [Zawgyi]

21 1 0
                                    


တာဝန်ကျကျောင်းသားများက ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်ပြီးသည်နှင့် သန့်ရှင်းလုပ်ရန် ကျန်နေရသည့်အပြင် စာသင်ချိန်တစ်ခုပြီးတိုင်း ကျောက်သင်ပုန်းဖျက်ရသည့်တာဝန်လည်းရှိသေးကာ ညာဘက်ရှေ့ဆုံးတန်းမှစ၍ တစ်ယောက်ချင်းအလှည့်ကျ နေစဉ်တာဝန်ယူရလေသည်။

ရှေ့သင်္ချာအချိန်တွင် ကျောက်သင်ပုန်းထက် ပုစ္ဆာမေးခွန်းတို့ဖြင့်ပြည့်နှက်နေခဲ့ပြီး နေရာလွတ်ပင်မကျန်တော့ချေ။
 
ယန်ရှီးယွဲ့က သင်္ချာအားနည်းသည်နှင့်အညီ ရှေ့
တချိန်ကပေးခဲ့သော သင်္ချာပုစ္ဆာတို့အား နားမလည်သဖြင့် ခေါင်းငုံ့ကာတွက်နေသည်မှာ အင်္ဂလိပ်ဆရာမဝင်လာသည်အထိ။
ဒေါက်ဖိနပ်သံကအခန်းတွင်း ဖြန့်ကျက်သွားသော်လည်း ယန်ရှီးယွဲ့က ဂရုမထားမိ​​သေးပေ။

အင်္ဂလိပ်ဆရာမက အခန်းထဲဝင်လာသည်နှင့် ကျောက်သင်ပုန်းထက်က ဂဏန်းများကိုမြင်လိုက်ရာ မပျော်မရွှင်ဖြစ်သွားပြီး
"ဒီနေ့မင်းတို့အတန်းကဘယ်သူကျောက်သင်ပုန်းဖျက်ရမှာလဲ? သင်္ချာသင်လို့မဝသေးလို့လား? ငါပဲ သင်္ချာဆရာကိုပြန်ခေါ်ပေးရဦးမလား?"
  
လက်ထဲမှစာအုပ်ကိုလိပ်၍ စားပွဲခုံအားခေါက်လိုက်ကာ ကျောင်းသားများကိုခြုံငုံကြည့်လိုက်လေသည်။
 
ကျောင်းသားအားလုံးသည်လည်း အင်္ဂလိပ်ဆရာမရဲ့အပြုအမှုကြောင့် ဆရာမရှိရာဦးတည်ကြည့်ရင်း တစ်ယောက်မှအသံမထွက်ရဲတော့။
 
ယန်ရှီးယွဲ့မှာ လျိုကျင့်ယွီက သူ့အားလာတို့ပြီး အသံ​တိုးတိုးဖြင့်လာမပြောခင်အထိ သတိမထားမိ​​သေး-
"ယွဲ့လျန် ဒီနေ့နင်ကျောက်သင်ပုန်းဖျက်ရမဲ့နေ့မလား?"
ယမန်နေ့က ဖန်ဟန့်ဝမ်၏တာဝန်အလှည့်ကျသည်ကို သတိရမိ၍ ဒီနေ့ကယန်ရှီဲးယွဲ့ရဲ့အလှည့်ဖြစ်လိမ့်မည်။

ထိုအချိန်မှသာ ယန်ရှီးယွဲ့ကသတိထားမိသွားပြီး
သင်္ချာဂဏန်းတို့ဖြင့်ရှုပ်ယှက်ခပ်နေသည့် ကျောက်သင်ပုန်းအားကြည့်လိုက်သည်။

ကျောင်းသားအားလုံးမှာနေရာတွင်ထိုင်နေကြပြီး အင်္ဂလိပ်ဆရာမသည်လည်းရောက်နေလေပြီ။ အင်္ဂလိပ်ဆရာမ၏အပြုအမှုအကြောင့် အားလုံးရဲ့အာရုံမှာလည်း ကျောက်သင်ပုန်းထက် ရောက်နေလျက်သား။

But You Didn't [ဘာသာပြန်]Where stories live. Discover now