Chapter - 3 [Zawgyi]

26 2 0
                                    


အမှတ်(၇)ကျောင်းသည် အထက်တန်း ဒုတိယနှစ်ဝက်တွင် သိပ္ပံနှင့်လူမှုရေးဘာသာရပ်တန်းခွဲများကို စတင်ခွဲခဲ့သည်။
  
ဘာသာရပ်တန်းခွဲလျှောက်လွှာစာရွက်များ လက်ထဲရောက်သည်နှင့် ကျောင်သားကျောင်းသူများမှာ သိပ္ပံယူရမည်လော၊ လူမှုရေး​ယူ​ရမည်လော မိမိနှင့်ဘယ်ဘာသာကသင့်တော်မလဲ အကျိတ်အနယ်ဆွေးနွေးကုန်တော့သ​ည်။ ဘာသာရပ်​​ရွေးရခြင်းကလည်း အမှန်တကယ် သူတို့အတွက် အရေးကြီးသည့်ကိစ္စတစ်ခုပင်။

တချို့ကတော့ ​နဂိုထဲကကြိုတင်ရွေးထားပြီးသား၊ တချို့ကတော့ ရွေးနေဆဲ၊ တချို့ကတော့ လမ်းပျောက်နေကြ၏။
စာသင်ခန်းအတွင်းအသံများ ဆူညံပွက်လောရိုက်နေသော်လည်း အတန်းပိုင်ဆရာက အလိုက်တသိအပြင်ထွက်သွားကာ ထိုကိစ္စအားသေချာဆွေးနွေးစေရန် အချိန်ပေးလိုက်သည်။
 
အရှေ့ခုံတွင်ထိုင်နေသည့် ဖန်ဟန့်ဝမ်က ယန်ရှီးယွဲ့နှင့်လျိုကျင့်ယွီအား လှည့်ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကိုအနည်းငယ်တိမ်းစောင်းလိုက်ကာ လျိုကျင့်ယွီရဲ့စားပွဲခုံတစ်ဖက်စွန်းပေါ် ဘယ်ဘက်တံတောင်ဖြင့်မှီလိုက်ပြီး-
"မင်းတို့နှစ်ယောက်ရော သိပ္ပံလား?လူမှုရေးလား?"

"လူမှုရေးပေါ့ဟ။ ငါတော့ သိပ္ပံနဲ့ဇီဝကိုအမုန်းဆုံးပဲ ဘယ်လောက်ကြည့်ကြည့်ကိုနားမလည်ဘူး။ ကောင်းကင်သမ္မကျမ်းစာဖတ်နေရသလိုပဲ"

လျိုကျင့်ယွီကသူမလက်ထဲမှ ဘောပင်အဖုံးကိုအဆက်မပြတ်နှိပ်ပြီး'ကလစ်ကလစ်'အသံမြည်စေလိုက်သည်။

"လူမှုရေးပဲရွေးရမှာပေါ့၊ နောက်ကျရင် ငါတက်ချင်တဲ့ မီဒီယာတက္ကသိုလ်မှာ သတင်းမီဒီယာမေဂျာယူပြီး သတင်းထောက်တစ်ယောက်ဖြစ်အောင်လုပ်မှာ"

"မင်းက သတင်းထောက်ဖြစ်ချင်တာလား?"
ဖန်ဟန့်ဝမ်က လျိုကျင့်ယွီရဲ့အဆိပ်ပြင်းတဲ့ပါးစပ်အားတွေးမိပြီး ရှေ့နေလုပ်တာပိုသင့်တော်တယ်လို့ တွေးနေမိသည်။
သူ့အကြည့်က လျိုကျင့်ယွီရဲ့သင်္ချာစာအုပ်နဲ့တရုတ်စာအုပ်ကြားဖွက်ထားသည့် ခပ်ပါးပါးအချစ်ဝတ္ထုစာအုပ်ဆီ အကြည့်ရောက်သွားကာ
"မီဒီယာတက္ကသိုလ်က ဝင်ခွင့်အရမ်းမြင့်တယ်မဟုတ်ဘူးလား၊ မင်းမီဒီယာတက္ကသိုလ်တက်ချင်သေးတယ်ဆိုရင်လည်း စားပွဲအောက်မှာဖွက်ထားတဲ့ အချစ်ဝတ္ထုတွေကိုအရင် ဖယ်လိုက်ဦး"
 
"မင်းဝတ္ထုဖတ်သလောက်သာ စာကြိုးစားရင် ဘယ်မီဒီယာတက္ကသိုလ်မဆိုအေးဆေးဝင်နိုင်နေပြီ"

But You Didn't [ဘာသာပြန်]Where stories live. Discover now