Chapter - 20 [Zawgyi]

38 0 0
                                    

ညနေခင်းအဆောင်သို့ပြန်ကာ ယန်ရှီးယွဲ့တံခါးဖွင့်ဖွင့်ချင်း အခန်းထဲမှခေါင်းသုံးလုံးက သူမထံဦးတည်လှည့်လာ၏။ မျက်ဝန်းများက တစ်စုံတစ်ခုကိုစူးစမ်းချင်နေသယောင် အတိုင်းသားပေါ်နေသည်။

ယန်ရှီးယွဲ့ တံတွေးတစ်ချက်မြိုချလိုက်၏။
  
ပုခုံးပေါ်လွယ်ထားသည့် ကင်းဗတ်အိတ်ကိုချကာ သူမ၏နေရာဆီသို့​​​လျှောက်လိုက်ပြီး ဟန်ဆောင်ပန်ဆောင်ပြောလိုက်၏။
"နင်တို့ငါ့ကိုဘာလို့လာကြည့်နေတာလဲ?"
  
သူမက သုံးယောက်သား၏အကြည့်ကို လျစ်လျူရှုကာ အိတ်ကိုစားပွဲပေါ်တင်လိုက်ပြီး ခုံပေါ်ထိုင်လိုက်သည်။ လျိုမုန့်ချီက ခုံကိုသူမဘေးဆွဲကာထိုင်လိုက်ပြီး လင်ရှန်းနှင့်သိုက်ကျန်းကလည်း လျိုမုန့်ချီလုပ်သလိုလိုက်လုပ်ပြီး သူမကိုဝိုင်းဖွဲ့ထားလျက် အကဲဖြတ်နေကြ၏။
  
"ဘာလို့လဲ?" ယန်ရှီးယွဲ့ခမျာ သူတို့၏ထူးထူးဆန်းဆန်းအကြည့်များကြောင့် နေရခက်လာ၏။
  
"အဲ့တစ်ယောက်က ချန်ဟွိုင်ယွီလို့ခေါ်တာမလား?"
လျိုမုန့်ချီကအမှန်ပင် သူ၏နာမည်ကိုခေါ်လိုက်ခြင်း။

ယန်ရှီးယွဲ့ကကြောင်တောင်တောင်လေးကြည့်နေကာ ပြန်မ​​ဖြေပေ။
  
 
ယန်ရှီးယွဲ့တုံ့ပြန်မည့်ပုံစံအား သူမကကြိုတင်ခန့်မှန်းထားသည့်အလား:

"ငါ့ကောင်လေးကိုမေးပြီးသွားပြီ၊ ကျန်းချန်တက္ကသိုလ် ၊ ဥပဒေမေဂျာက ချန်ဟွိုင်ယွီ "
  
"ဘာဖြစ်လို့လဲ" ယန်ရှီးယွဲ့ကရယ်လိုက်၏။

"နင်နဲ့သူ ဘယ်လိုဆက်ဆံရေးလဲ? နင် ကောင်လေးတွေနဲ့ အရောတဝင်နေတာ ငါတစ်ခါမှမမြင်ဖူးဘူး"
  
ယန်ရှီးယွဲ့က တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းဖြေလိုက်သည်:"အထက်တန်းကျောင်းနေဖက်" အားကစားကွင်းထဲရှိစဉ်ကအဖြေနှင့် အတူတူပင်။
  
လျိုမုန့်ချီက မယုံပါ :"ဒါပဲလား?"
 
ယန်ရှီးယွဲ့ ရယ်လိုက်ကာ: "ဒါပဲ"

သူမတို့ကြားမှာ ဘယ်လိုပတ်သတ်မှုမျိုးရှိနေနိုင်ဦးမှာတဲ့လဲ။
  
လျိုမုန့်ချီသည် ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့်:

"ငါ့ကောင်​​လေးပြောတာတော့ သူကခုထိ တကိုယ်တည်းသမားတဲ့ရော်။ ကျောင်းမှာသူ့ကိုလိုက်နေတဲ့ကောင်မလေးတွေကိုလည်း သူကစိတ်မဝင်စားဘူးတဲ့" သူမဘာသာခေါင်းညိတ်လိုက်ပြီး: "စဉ်းစားကြည့်လေ ကျန်းချန်တက္ကသိုလ် ၊ စာလည်းတော်တယ်၊ ရုပ်လည်းချောတယ်၊ ကောင်မလေးလိုချင်ရင်အလွယ်လေးရမှာ"
  

But You Didn't [ဘာသာပြန်]Where stories live. Discover now