Chapter - 9 [Zawgyi]

31 1 0
                                    


ဒီနှစ်ဆောင်းရာသီ၏ပထမဆုံးနှင်းကျသည်က အတော်လေးစောခဲ့သည်။ သူမ အဆောင်ကထွက်ထွက်လာချင်းပဲ ကောင်းကင်မှနှင်းစက်တို့ကျလာသည်ကို မြင်လိုက်ရ၏။

နှင်းထုမှာသိပ်မထူထဲသေးသလို လေပြင်းတို့လည်းမတိုက်ခတ်သေး။ မြင်လိုက်သည်နှင့် နူးနူးညံ့ညံ့၊ရိုမန့်တစ်ဆန်သည့်ခံစားချက်ကိုရစေ၏။ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တိမ်တိုက်တို့ဖုံးလွှမ်းနေကာ မိုးသက်လေပြင်းမကျရောက်ခင် ငြိမ်သက်နေသည့်ဟန် မကြာခင်မှာပဲ နှင်းထူထဲစွာကျတော့မည်ဟု ခံစားချက်ရလိုက်သည်။

ထင်သည့်အတိုင်းပင်၊ မနက်ခင်းကိုယ်ပိုင်စာကြည့်ချိန်အပြီး ပထမအတန်းချိန်ဖြစ်သည့် တရုတ်ချိန်စသည်ပင် ဆယ်မိနစ်မပြည့်လိုက်သေး အပြင်ဘက်တွင် နှင်းများထူထပ်စွာကျရောက်နေလေသည်။

လေပြင်းတွေလည်းတိုက်ခတ်လာသလို ဆီးနှင်းတွေလည်း ပြင်းပြင်းထန်ထန်ကျရောက်လာပြီ။
  
ဆရာ၏သင်ကြားပို့ချနေသံ​နှင့်အတူ လေပြင်းတိုက်ခတ်သံတို့ကရောယှက်နေပြီး ပြတင်းပေါက်အပြင်ကအသံတို့ တဖြည်းဖြည်းကျယ်လောင်လာသဖြင့် ကျောင်းသားများ၏အာရုံကိုစွဲဆောင်သွားကာ အားလုံးကပြတင်းပေါက်ထံလှည့်ကြည့်လိုက်ကြသည်။

"ယွဲ့လျန် နင်ကြည့်၊ နှင်းအရမ်းကျနေတာပဲရော်"
လျိုကျင့်ယွီက ယန်ရှီးယွဲ့အား ပြတင်းပေါက်ထံလှည့်ကြည့်စေရန် လက်မောင်းဖြင့်အသာတွန်းလိုက်၏။

လျိုကျင့်ယွီ၏အကြည့်နောက်လိုက်ရင်း ပြတင်းပေါက်အပြင်သို့လှမ်းကြည့်လိုက်သည်။

လေပြင်းတို့က နှင်းစက်တို့ကိုသယ်ပွေ့ကာ ပြတင်းပေါက်မှန်ရှိရာ ရိုက်ခတ်နေသဖြင့် တချို့နှင်းမှုန်လေးများမှာ ပြတင်းပေါက်ဘောင်ထက် တင်ကျန်သွားပြီး စာသင်ခန်းအတွင်းမှအပူချိန်ကြောင့် အရည်ပျော်ကျလာပြီး ရေစီးကြောင်းလေးတွေအဖြစ်ပြောင်းလဲသွားသည်။ တချို့နှင်းမှုန်လေးတွေမှာ ပြတင်းပေါက်ဘောင်ပေါ် ကျန်ရစ်နေပြီး လေတစ်ချက်အဝေ့တွင် မြေပြင်ပေါ်သို့သက်ရောက်ကုန်တော့သည်။

မြူအတိဖုံးလွှမ်းနေသည့်နှင်းထူထူတို့က ကမ္ဘာမြေပြင်တစ်ခုလုံးကို ငွေမှင်ရောင်အဝတ်စဖြင့်လွှမ်းခြုံထားသလိုပင်။
လေပြေက နှင်းမှုန်လေး​တွေကို သယ်​ယူလာကာ အကြိမ်ကြိမ်ရစ်ဝဲလျှက် အဆုံးတွင်တော့ မြေပြင်ထက်သက်ဆင်းလေသည်။

But You Didn't [ဘာသာပြန်]Where stories live. Discover now