Part -1

170 4 1
                                    

တစ်ခု‌သောညနေခင်းတွင် ထဘီ ရင်ဖုံးအင်္ကျီလက်စက ပြောင်ဝမ်းဆက်အညိုလေးကို‌ဝတ်ဆင်ပြီး စက္ကူလက်ဆွဲအိတ်လးကိုကိုင်ရင်း သူမ၏ဦးတည်ရာရှိသည့်ဘက်သို့ သွားနေသောအမျိုးသမီးတစ်ဦး၊ သူမ၏အမည်သည် စိမ့်စမ်းညို ဖြစ်သည်။သူမကိုအများက ဆရာမလေးစိမ့်ဟုသိကြသည်။စိမ့်စမ်းညိုသည် အလယ်တန်းပြ ဆရာမတစ်ဦးဖြစ်သည်။သူမတွင်အရမ်းခင်ရပါသောအပ်ချုပ်ဆရာမလေး သော်တာမောင် ဟုခေါ်သည့်သူငယ်ချင်းမလေးတစ်ယောက်ရှိသည်။ယခုတွင် သူမသည်အထည်အပ်ရန် သော်တာမောင်၏အိမ်သို့သွားနေခြင်းဖြစ်သည်။စိမ့်သည် သော်တာ၏အိမ်ရှေ့သို့ရောက်ပြီး သော်တာ့ကိုလှမ်းခေါ်လိုက်သည်။

"အမောင်ရေ အမောင်"

သော်တာတစ်ယောက် အိမ်ရှေ့မှမိမိ၏အမည်ကိုထိုသို့အော်ခေါ်နေသောချစ်ရသူ၏အသံကိုကြားလိုက်ရသောကြောင့်ခြွေလက်စဖြစ်နေသောချဉ်ပေါင်ရွက်ကိုချပြီးအပြုံးပန်းနှင့်အတူအိမ်‌‌ရှေ့သို့ထွက်လာရင်းလှမ်းထူးလိုက်သည်။

"အင်း အညို အိမ်ပေါ်တက်လာခဲ့နော်"

"အွန်းအွန်း လာပြီး"

သော်တာ့အိမ်သည်‌ခြေတံရှည်ပျဉ်ထောင်အိမ်ဖြစ်ပြီးအိမ်အောက်ဘက်တွေလည်းအုတ်များကိုပတ်ထားကာအခန်းဖွဲ့ထား၏။သော်တာသည်စိမ့်အိမ်ပေါ်ကိုရောက်လာသည့်တိုင်အောင်မျက်နှာပေါ်ကအပြုံးများတည်ရှိနေဆဲဖြစ်သည်။အဘယ်ကြောင့်ဆိုသော်သူ့မ၏တိတ်တခိုးချစ်ရသူထံမှသူမနှစ်သက်သောအမည်လေးကိုပြန်ကြားရခြင်းကြောင့်ဖြစ်သည်။ထိုအသံနှင့်အမည်လေးကိုတွဲမကြားရသည်မှာတစ်လခန့်ကြာပြီးဖြစ်‌သော‌ကြောင့် သူမသိပ်ကိုလွမ်းနေရပြီး တမ်းတ‌‌နေရ‌သောကြာင့်ဖြစ်သည်။စိမ့်သည်သော်တာ့ရှေ့ရပ်ပြီးသူမ၏ချိုသာ‌သောအသံနှင့်ချစ်စရာကောင်းအောင်ချွဲပြီး

"အမောင်‌ရေ.....ငါ့ကိုလေ ဒီအထည်လေးမနက်ဖြန်ပြီး‌အောင်ချုပ်ပေးပါလားနော်....မနက်ဖြန်အလှူသွားဖို့ရှိလို့လေနော်...နော်...."

စိမ့်သည်မျက်တောင်လေးတွကိုပုက်ခက်ပုက်ခက်လုပ်ရင်း‌သော်တာ့ရှေ့တွင်သနားစရာအမူအရာလေးနှင့်သော်တာ့၏အဖြေစကားကို ရပ်ပြီးစောင့်နေသည်။စိမ့်၏အမူအရာလေးကြောင့် သော်တာတစ်ယောက်ပြုံး၍ပင်တက်နိုင်တော့၏။

ကြိုးညိုWhere stories live. Discover now