Part -7

24 0 0
                                    

ဒေါက်တာရဲရင့် အိပ်ဆေးပေးလိုက်သောကြောင့် ရတုတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

"အခြေအနေလည်း ပုံမှန်ပြန်ဖြစ်ပြီးဆိုတော့ ကျွန်တော်ပြန်လိုက်ဦးမယ် တခြားလူနာလည်းရှိသေးတော့"

ထိုအချိန်မှ သော်တာသည် ရတု‌ ကုတင်ဘေး ထိုင်ခုံပုလေးပေါ်မှာ ထိုင်နေရင်း သတိပြန်ဝင်လာပြီး

"ဟုတ်ကဲ့ ကိုရဲရင့်။ဒီ‌နေ့ လာ‌ပေးလို့ ကျေးဇူးတင်ပါတယ်အစ်ကို"

"ရပါတယ် သော်တာမောင် ဒါဆိုခွင့်ပြုပါဦးခင်ဗျ"

"ဟုတ်ကဲ့ရှင့် ၊ဦးပုရေ ဒေါက်တာ့ကို လိုက်ပို့ပေးလိုက်ပါနော်"

ဦးပုနှင့် ဒေါက်တာ ထွက်သွားတော့ အခန်းထဲတွင် လူသုံးဦးသာ ကျန်ခဲ့သည်။

"မဝတီ ကိုလည်းကျေးဇူးတင်ပါတယ်။မအားတဲ့ကြားကလာခဲ့ပေးလို့"

"မဟုတ်တာ သော်တာရယ် "

"မဝတီလည်း  ပင်ပန်းရောပေါ့ ပြန်နားတော့လေသော်တာ လိုက်ပို့ပေးမယ်နော်"

"အင်း  အစ်မ ညနေကျရင် တစ်ခေါက်လာကြည့်ပေးဦးမယ်"

"ဟုတ် မဝတီ"

ဝတီအောင်ကို အိမ်ရှေ့ထိ လိုက်ပို့ပြီး  သော်တာသည် ရတု၏ အခန်းဆီသို့ ပြန်လာသည်။ထိုအချိန်တွင် ရတု နိုးနေသည်ကို သော်တာ တွေ့လိုက်၍ ရတုအနားသို့ သွားပြီး အခြေအနေ မေးလိုက်သည်။

"ရရ ဘယ်လိုနေသေးလဲ။ ခေါင်းရော ကိုက်သေးလား"

ရတု မအိပ်ခင်က အများကြီးငိုခဲ့ အော်ခဲ့သောကြောင့် လည်ချောင်းနာနေပြီး အသံများလည်အက်နေသည်။

"သော်..."

"...."

" အစ်ကို့ကို ဒီအိမ်ကနေ ခေါ်သွားပေးပါ"

"...."

"နော်"

ရတု မျက်ဝန်းထဲတွင် မျက်ရည်များ တဖန်ပြည့်လာပြန်သည်။

"ရရ ရယ်"

"အစ်ကို ဘာလို့အဲ့ဒီ ၄နှစ်ကျော်က အဖြစ်အပျက်ကိုမေ့သွားရတာလဲ။ အစ်ကိုက ဘာလို့ သူ့ကိုမေ့သွားရတာလဲ"

ကြိုးညိုWhere stories live. Discover now