ညပိုင်းတွင်စိမ့်သည်သော်တာ၏အိမ်တွင်အိပ်ဖြစ်သည်။စိမ့်တစ်ယောက်အိပ်ယာမဝင်ခင်တွင်သော်တာကိုမတွေ့သောကြောင့်အိပ်ခန်းမှအိမ်ရှေ့ဝရန်တာဘက်သို့ထွက်လာသည်။ဝရန်တာရှိရာသို့ရောက်သောအခါလမင်းကြီးကိုငေးပြီးရပ်ကြည့်နေသော သော်ဝာာကိုစိမ့်တွေ့လိုက်သောကြောင့်ထိုနေရာသို့ဦးတည်သွားလေသည်။သော်တာသည်အနောက်ဘက်မှခြေသံကြားသောကြောင့်အနောက်ဘက်သို့လှည့်ကြည့်ရာစိမ့်ကိုမြင်လိုက်သောကြောင့်အပြုံးလေးနှင့်အတူစကားစလိုက်သည်။
"မအိပ်သေးဘူးလား အညို၊မနက်ဖြန်ကျောင်းဖွင့်ပြီးမဟုတ်လား"
"အင်းအိပ်တော့မလို့ဘဲ၊အမောင့်ကိုမတွေ့လို့ လာထွက်ကြည့်တာ"
စိမ့်သည်သော်တာရပ်နေသောဘေးရှိသစ်သားကုလားထိုင်ကိုဆွဲယူရင်းဖြေလိုက်သည်။သော်တာသည်စိမ့်ကိုကြည့်နေရင်းမှအကြည့်လွှဲပြီးအဝေးတစ်နေရာကိုအကြည့်ပို့ကာတည်ငြိမ်ပြီးအတက်အကျမရှိသောအသံနှင့်
"အညို..လောကမှာအချစ်တစ်ခုထဲနဲ့ပြည့်စုံတယ်လို့အညိုထင်လား။နောက်ပြီး ...."
သော်တာသည်စကားပြောနေရင်းခဏရပ်သွားကာ သူမ၏အကြည့်သည်စိမ့်ဆီပြန်ရောက်လာပြီးသူမနှင့်စိမ့်အကြည့်ချင်းဆုံသွားစဉ်သော်တာသည်စကားကိုပြန်ဆက်၏။
"မဖြစ်နိုင်တဲ့အချစ်ဆိုတာရှိလားအညို..."
စိမ့်သည်သော်တာ၏အမေးစကားအဆုံးတွင်သော်တာကိုအကြည့်လွှဲလိုက်ပြီးကောင်းကင်ပေါ်ကလမင်းကြီးကိုကြည့်ရင်းခေတ္တခဏတိတ်ဆိတ်သွားသည်။ထို့နောက်လေးနက်ပြီးလေသံပြေပြေလေးနှင့်သော်တာ၏အမေးကိုပြန်ဖြေသည်။
"လောကမှာအချစ်တစ်ခုထဲနဲ့ပြည့်စုံလားဆိုတော့ အဲ့ဒီအချစ်အပေါ်မှာအများကြီးမူတည်တယ်အမောင်၊ပြည့်စုံလောက်တဲ့အချစ်မျိုးရှိသလိုမပြည့်စုံတဲ့အချစ်မျိုးတွေလည်းရှိတယ်..."
ထို့နောက်စိမ့်သည်ထိုင်နေရာမှထလိုက်ကာသော်တာဘေးတွင်ရပ်လိုက်ပြီးသော်တာကိုတစ်ချက်ကြည့်လိုက်ကာ
"နောက်ပြီးမဖြစ်နိုင်တဲ့အချစ်ရှိလားဆိုတော့အညို့အနေနဲ့တော့ရှိတယ်အမောင်"
YOU ARE READING
ကြိုးညို