Part -2

58 1 0
                                    

နောက်တစ်နေ့တွင်စိမ့်သည် သော်တာချုပ်ပေးသော
ကချင်ဝမ်းဆက်အညိုလေးနှင့် စီနီယာအစ်မတစ်ယောက်၏မင်္ဂလာဆောင်တွင်ဝိုင်းကူပေးနေသည်။ထိုအချိန်တွင်ကျောင်းသားမိဘတစ်ဦးသည်စိမ့်ထိုင်‌နေသောအနားသို့ရောက်လာပြီး
"ဆရာမလေးစိမ့်"

စိမ့်သည်ခေါ်သံကြောင့်ကျောက်ကျောလှီးနေသည်ကိုရပ်၍နောက်သို့လှည့်ကြည့်ပြီးထူးလိုက်သည်။

"ဟုတ်ကဲ့ရှင့်။အော် ထူးကျော်အမေပဲ ‌အန်တီလည်းလာတာလားရှင့်၊ထူးကျော်ရောပါလားအန်တီ"

"မပါပါဘူးကွယ်။အဲ့‌မျောက်လောင်းလေးပါရင်ကြာကြာနေလို့ရမှာမဟုတ်ဘူး"

ထိုအန်တီသည်စိမ့်လှီးထားသောကျောက်‌ကျောကိုခရင်းတစ်ခုဖြင့်ယူရင်းပြောလေသည်။စိမ့်သည်လည်းအပြုံးလေးဖြစ်

" ကလေးဆိုတာဒီလိုပါပဲအန်တီ ။ဒီအရွယ်မှာပဲ လွတ်လွတ်လပ်လပ်၊အပူအပင်ကင်းကင်းနဲ့ကစားနိုင်တာရယ်။နောက်ဆိုရင်ဒီလိုကစားနိုင်ဖို့မသေချာတော့ဘူးလေ"

ထိုအန်တီသည်ကျောက်ကျောကိုဝါးရင်ခေါင်းလေးတ
ညှိတ်ညှိတ်နှင့်စိမ့်ပြောသည်ကိုထောက်ခံရင်း
"အဲ့ဒါတော့အမှန်ပဲဆရာမလေးရေ၊ဒါနဲ့ဘယ်လိုလဲဆရာမလေးရဲ့ အခုလိုပဲတခြားသူရဲ့ပွဲတွေကိုပဲဝိုင်းကူနေတော့မှာလား ကိုယ်တိုင်ရောဘယ်တော့လဲဆရာမလေး"
စိမ့်သည်မျက်ခုံးတစ်ဖက်မသိမသာမြင့်တက်သွားပြီးစိတ်ထဲတွင်ထိုသို့ပြောလိုက်သည်။

'အန်တီ့အလုပ်လား'

သို့သော်စိမ့်၏နှုတ်မှအပြုံးလေးဖြင့်

"စောပါသေးတယ်အန်တီရယ် ဖြေးဖြေးပေါ့"

ထို‌နောက် တခြားသူများနှင့်လည်းစကားစမြည်းပြောဆိုရင်မင်္ဂလာပွဲပြီးချိန်တွင်စိမ့်တစ်ယောက်အိမ်သို့မပြန်ဘဲသော်တာ၏အိမ်ရှိရာဘက်သို့ဦးတည်သွားလေသည်။သော်တာ့အိမ်ရှေ့ရောက်သောအခါစိမ့်သည်ထုံးစံအတိုင်း

"အမောင်ရေ အမောင်၊ငါလာတယ်။
ဟူး ရေလေးပါတစ်ခွက်လောက်ယူခဲ့ပေးနော်အမောင်"

ထိုသို့ပြောရင်းအိမ်အောက်ထဲသို့ဝင်လာသည်။
သော်တာသည်ထိုအချိန်၌အိမ်ပေါ်တွင်လက်ချုပ်လိုက်နေသည်ကိုရပ်၍ရေအိုးစင်မှရေကိုခပ်ကာစိမ့်၏ရှေ့သို့ယူလာပေးသည်။ထိုနောက်သော်တာကစိမ့်ကိုခေါင်းအစခြေအဆုံးတစ်ချက်ကြည့်လိုက်ပြီးနောက် လေသံပြေပြေလေးဖြင့်

ကြိုးညိုWhere stories live. Discover now