စိမ့်သည် သော်တာ့အိမ်ဘက်သို့မသွားဖြစ်သည်မှာနှစ်ပတ်ခန့်ရှိပြီးဖြစ်သည်။အဘယ်ကြောင့်ဆိုသော်သော်တာသည် စိမ့်ကိုလွန်ခဲ့သောနှစ်ပတ်ခန့်က လာတွေ့၍သူမ၏ ဆွေမျိုးများရှိရာမြို့သို့သွားမည်ဖြစ်ကြောင်း လာပြောသွားခြင်းကြောင့်ဖြစ်သည်။
စိမ့်သည် ယခင်ကသော်တာ၏ ဆွေမျိုးများအကြောင်းကိုအနည်းငယ်မျှကြားဖူးခဲ့သည်။ထိုအကြောင်းကိုပြောပြဖူးသော သူမ၏ ငယ်သူငယ်ချင်းဆိုသူသည်လည်းယခုတွင် သော်တာ့ဆွေမျိုးများရှိရာမြို့၌အခြေချနေထိုင်နေသည်ကို စိမ့်တစ်ယောက်သတိရသွား၏။
"ဟုတ်သားပဲ၊ဝတီကအဲ့မှာနေတာကိုမေ့နေတာ"
ထိုသို့ရေရွတ်ပြီးသောအခါ စိမ့်သည် ဝတီကိုဖုန်းခေါ်ရန်ဆုံးဖြတ်လိုက်သည်။
ထိုကြောင့်စိမ့်သည် အိပ်ခန်းထဲသို့ ဝင်လာပြီးသူမ၏အလုပ်စားပွဲရှိရာသို့ ဦးတည်လာကာ စားပွဲပေါ်ရှိဖုန်းကိုယူ၍ ထိုင်ခုံပေါ်ထိုင်ပြီး ဝတီကို ဖုန်းခေါ်လိုက်၏။Ring~ Ring ~
တဖက်ကလူသည် ဖုန်းကိုင်းရင်းစိမ့်ကို လှမ်းစလိုက်သည်။
"ဟယ်လို အမိန့်ရှိပါရှင့် ဝတီအောင်ပြောနေပါတယ်"
စိမ့်သည် တစ်ဖက်မှစနေသည်ကို သိသောကြောင့်သူမသည်လည်း ခပ်ရွဲ့ရွဲ့အသံနှင့်အတူ
"ဟုတ်ကဲ့ရှင့် ကျွန်မကစိမ့်စမ်းညိုပါရှင့် ကျွန်မခေါင်းအောင့်ပြီး ဗိုက်မူးနေလို့ပါရှင့်၊အဲ့ဒါဘာဆေးလေးသောက်ရမလဲဆိုတာ ဒီကသူနာပြုဆရာမလေး မဝတီအောင်ကို လာမေးတာပါရှင့်"
"မာလာမြိုင်သောက်လိုက်သမီး"
ဝတီပြောလိုက်သောစကားကြောင့် စိမ့်သည်ဗိုက်နှိပ်ရယ်ရသည့်အဖြစ်သို့ ရောက်သွားသလိုတစ်ဖက်မှလည်းရယ်သံလွင်လွင် ထွက်ပေါ်လာသည်။
"ဘယ်လိုလဲ ဝတီ အဆင်ပြေရဲ့လား အခုတလော"
ဝတီသည်စိမ့်ဖက်မှ ပုံမှန်အတိုင်းမေးနေသောကြောင့်သူမသည်လည်းရယ်သံကိုရပ်၍
"အင်း အခုရက်ပိုင်းတော့နည်းနည်းအလုပ်ရှုပ်နေတယ်၊
ငါ့အဖေအလုပ်ရှင်ရဲ့မြေးက ကျန်းမာရေးမကောင်းဘူးလေ၊အဲ့ဒါကြောင့်သူ့ကိုတစ်နေ့ နှစ်ခေါက်လောက်သွားသွားကြည့်ပေးနေရလို့လေ"
YOU ARE READING
ကြိုးညို