Part -6

25 0 0
                                    


နောက်တစ်နေ့ နံနက်ပိုင်းတွင် သော်တာသည် စိမ့်ကိုဖုန်းဆက်လိုက်သည်။သူမ မြို့ပြကိုရောက်သည့် အချိန်မှစ၍ သူမ စိမ့်နှင့်စကားမပြောရသေးပေ။

Ring ~Ring~

တစ်‌ဖက်ရှိ စိမ့်သည် ဖုန်းသံကြား၍လုပ်လက်စအလုပ်ကိုရပ်ကာ ဖုန်းကိုယူလိုက်ရင်း ဖုန်း‌တွင်ပေါ်နေသော အမည်လေးကြောင့် တစ်ချက်ပြုံးသွားသည်။

"အင်း အမောင် ပြော"

အညိုဘာလုပ်နေလဲဟင်။အမောင်က သတိတွေရနေတာ"

"အမယ် မိအမောင်တို့ကတော့လုပ်ပြီး။ပြော ဘာပြောဖို့လဲ"

"အညိုနော် အမောင်ကအကြောင်းရှိမှ ဆက်ရမှာလား"

"အိုးဟိုး အဲ့ဒါဆိုလွန်ခဲ့တဲ့နှစ်ပတ်ကျော်က ဘာလို့ဖုန်းမဆက်တာလဲ"

"အဟက် ဘာလဲအညိုစိတ်ကောက်နေတာလား။"

သော်တာ‌ကရယ်သံလေးနှင့်မေးလိုက်တော့ စိမ့်က ချက်ချင်းဆိုသလို

"အိုး မဟုတ်ရပါဘူးနော်။အမောင်တစ်ယောက် မြို့ပြကိုရောက်ပြီး အညို့ကို မေ့များမေ့သွားပြီးလားလို့လေ"

ဟားးဟားး ဟားး

"....."

"ဟာ့ လူကြီးကိုရယ်စရာလား!"

စိမ့်က ဆူသည့်အသံလေးနှင့် ပြောသောအခါ သော်တာ့ရယ်သံသည်လည်းထပ်ဆင့် လွှမ်းသွားတော့သည်။

သော်တာသည် သူမ၏ စိတ်ရှုပ်စရာကိစ္စများကိုပါ ခဏတာ မေ့ပျောက်သွားသည်။သူမအတွက် ပုံမှန်ဆိုသာမန်စကားလုံးလေးပင် ဖြစ်သည့်တိုင် စိမ့်နှင့်အတူ ရှိနေပါက ထိုသာမန်စကားလုံးလေးများကလည်း ရယ်စရာအဖြစ်ပြောင်းသွားတက်သည်။ သူမ၏ ချစ်ရပါသောအညိုလေးက သူမအတွက် ထိုသို့အမောပြေ ရွှေရင်အေး ဖြစ်တည်မှုမျိုးလေး ဖြစ်သည်။

"ဒါနဲ့ အမောင် နင်ဘယ်တော့ပြန်လာမှာလဲ"

"ဒီရက်တွေထဲပါပဲ။သေချာတော့မသိသေးဘူး"

"အွန်း ဟုတ်လား"

"စိမ့်ရေ သမီးစိမ့်"

သော်တာသည် စိမ့်နှင့်စကားပြောနေတုန်း စိမ့်၏မိခင်ဖြစ်သူမှ စိမ့်ကိုလှမ်းခေါ်သော အသံအား ကြားလိုက်ရသည်။

ကြိုးညိုWhere stories live. Discover now