Part -5

36 0 0
                                    

သော်တာတစ်ယောက် နေ့လယ်12နာရီခွဲအချိန်တွင် သူမယခင်ကနေခဲ့သော အိမ်ကြီး၏ ခြံဝရှေ့သို့ ရောက်လာသည်။

ဟူး...

သော်တာ လေပူ တစ်ချက်မှုတ်ထုတ်လိုက်ပြီး ခြံတံခါးတွင် တက်ဆင်ထားသော ဘဲလ်ကိုနှိပ်လိုက်သည်။ခဏကြာသောအခါတွင် သော်တာ့ထက်အနည်းငယ် အသက်ကြီးသော လူတစ်ယောက်ခပ်ပြုံးပြုံးလေးဖြင့် ခြံတံခါးကို လာဖွင့်ပေးသည်။

" ဟင် ရရ နင်နေလဲမ‌ကောင်းဘဲနဲ့ ဘာလို့တံခါးလာဖွင့်တာလဲ။ဦးလေးပုရော "

"ဦးလေးပုကို အဘွားခိုင်းလိုက်လို့ အိမ်မှာမရှိဘူး အဲ့ဒါ‌ကြောင့် ငါလာဖွင့်ပေးတာ"

ရတုသည် သော်တာ့အား ခြံတံခါးဖွင့်ပေးရင် ပြောလိုက်သည်။

"အော်...ဟုတ်လား
နင်အခု‌ရော နေရတာနည်းနည်းသက်သာသွားပြီးလား"

"အွန်း ကောင်းသွားပါပြီး၊လာအိမ်ထဲဝင်ရအောင် အဘွား မနက်ထဲက နင့်ကို စောင့်နေတာ အပြင်မှာကြာကြာရပ်‌နေရင် တော်ကြာပိုပြီးဆူခံနေဦးမယ်"

သော်တာနှာခေါင်းရှုပ်တစ်ချက်လိုက်ပြီး

"အခုလည်း ဆူမှာပဲကို ထက်ပြီးပိုဆူလည်း ကိစ္စမရှိဘူး"

ဟားးဟားးဟားး

ရတုတစ်ယောက် ရယ်လိုက်ပြီး သော်တာ့‌ဘေးတွင် ရပ်လိုက်ကာ သူမ၏ ပုခုံးပေါ်သို့ ဘယ်ဘက်လက်နှင့် သိုင်းဖက်လိုက်ပြီး

"ဟုတ်ပါပြီး  မိသော်တာရယ် လာအိမ်ထဲဝင်မယ်"

သူမတို့ပြောနေသော အိမ်ကြီးသည် အေးငြိမ်းရပ်ကွက်တွင်ရှိပြီး ဘိုးဘွားပိုင်ခြံတွင် ဆောက်လုပ်ထားကာ စံအိမ်သဖွယ်ခမ်းနားလှသည်။အိမ်ကြီးထဲရောက်သောအခါတွင် ဧည့်ခန်းတွင်မည်သူမှမရှိပါ။ထိုကြောင့်သော်တာသည် ဧည့်ခန်းထဲရှိ ပေါလစ်ကိုလက်နေအောင်သုတ်ထားသော ကျွန်းထိုင်ခုံနားသို့သွားကာထိုင်လိုက်၏။

ရတုသည် သော့်တာနားတွင်ရပ်ကာ

"ဘာသောက်မလဲ၊အဘွားက စောစောကလေးတင် ဒီမှာရှိနေတာ၊အခုဘယ်ရောက်သွားလဲမသိဘူး"

သော်တာအိမ်ပေါ်ထပ်ကို တစ်ချက်ကြည့်လိုက်ပြီးရွဲ့တည့်တည့်အသံနှင့်အတူ

ကြိုးညိုWhere stories live. Discover now