သော်တာမောင်ဆိုတဲ့ သူမကလေ သစ္စာရွာလို့ လူသိများတဲ့ ဒီမြန်ပန်းရွာလေးကို သိပ်မြတ်နိုးတာ။ သူမမှမဟုတ် ဒီရွာလေးမှာ နေကြတဲ့ မည်သူမဆို မြတ်နိုးကြမှာ အသေအချာပါပဲ။ ရာသီဥတုလည်း မျှတတယ်၊သစ်ပင်ပန်းမန်တွေလည်း သိပ်ကိုပေါတယ်လေ။
(ဒီနေရာမှာ အဂျိုးပြောချင်တာက ဒီမှာပါမဲ့ မြို့တွေ ရွာတွေကတော့ အဂျိုးရဲ့စိတ်ကူးသက်သက်နဲ့ထပ်ပေါင်းထည့်ထားတာပါရှင့်)
ဒီမြန်ပန်းရွာကို သူမ စစရောက်တုန်းကဆို အိမ်တိုင်းမှာပန်းပင်လေးတွေ အနည်းနဲ့အများရှိကြတာရော ၊ဘယ်ကိုကြည့်ကြည့် စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေကြောင့်
ရော၊နောက်ပြီး ရွာလို့ပြောနေကြပေမဲ့ မြို့ငယ်လေးအတိုင်းစည်းကားနေတာကြောင့်ရော ၊နောက်ပြီးသူမမိခင်ရဲ့ကျန်းမာရေးအတွက်လည်း အဆင်ပြေတော့ ဒီမှာပဲ သူမတို့သားမိနှစ်ယောက်နေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။အဲ့အချိန်တုန်းကတော့ အကြောင်းပြချက်က ရိုးရှင်းခဲ့ပါတယ်လေ။ အခုများတော့ သော်တာရဲ့အကြောင်းပြချက် တစ်ခု ထပ်ထိုးလာတာပေါ့။
🌺🌺🌺🌺🌺🌺🌺🌺🌺
"ဟယ်လို ဝတီ ပြော"
"အေ ငါနောက်အပတ်မှာ မြန်ပန်းကို ပြန်လာဖို့ရှိတယ်"
"အင်းဟင်း"
စိမ့်တစ်ယောက် ဖောက်လက်စ သကြားလုံးကို ပါးစပ်ထဲထည့်နေရင်း ဝတီ့စကားကို ထောက်လိုက်သည်။
"အေ အဲ့ဒါနင်မှာစရာ ရှိသေးလား။ ငါအပြန်ဝင်ဝယ်ခဲ့ပေးရအောင်လို့"
"အင်း..... မှာစရာရယ်လို့တော့ မရှိပါဘူး။အာ! သတိရပြီး သတိရပြီး"
"အင်း"
"နင်တို့ မြို့ပြမှာ အမ်ဘီ( M-B) ဆိုတဲ့ ချိတ်တွေ ရောင်းတဲ့ဆိုင်လေ"
"အမ်ဘီ...."
ဝတီက စိမ့်စကားနောက် သံယောင်လေးလိုက်ပြီးရေရွက်လိုက်သည်။
"အေးလေ။မသိဘူး...လား..."
"အေးသိတယ် ဆက်ပြော"
"အင်း အဲ့ဆိုင်မှာ ချိတ်ထဘီလေး နှစ်ထည်လောက်မှာဖို့လေ ။ထသွား ထလာ အတွက်လောက်ပဲနော် "
YOU ARE READING
ကြိုးညို