2020 years
" Hello... "
" Hello... "
" အိပ်ပုတ်လေး ထတော့လေ .. အကို အောင်စာရင်းကြည့်ရင် လိုက်မယ်ဆို .. ထတော့ .. အကို ခဏနေထွက်ခဲ့မယ် .. "
ဓန ဖုန်းဆက်နိုးတော့ ဝဿန် က အိပ်ချင်မူးတူး အသံနဲ့ပဲဖြစ်သည်။ မနေ့ညကတော့ ကြွားလုံးထုတ်ထားတာ သူမဟုတ်တဲ့အတိုင်း .. ။ ဘာတဲ့ ... အကို ဖုန်းမဆက်ခင် အရင်နိုးနေစေရမယ်တဲ့ .. ။
" ဟက် ! .."
" အကို့ .. ဘာရယ်တာလဲ .. "
" အိပ်ပုတ်လေးကို ရယ်နေတာ .. ညကတမျိုး .. မနက်ကျတမျိုးလေးမို့.. "
" အကိုနော် .. "
" မဟုတ်ဘူးလား .. ညက လေကြီးလေကျယ်တွေ ပြောနေတာ ဘယ်သူများလဲ .. "
" အကို လို့ .. ထပ်အိပ်လိုက်မှာနော် .. အကို မသွားရပဲ ဖြစ်သွားမယ် .. ဟွန့် .. "
" အလည်လေး .. သူ မပါရင် အပြင်မသွားမှန်းသိလို့ ၊ အကို့ ကို အကျပ်ကိုင်တယ်ပေါ့ .. ဟုတ်လား .. "
" အွန့် .. ဟုတ်တယ် .. "
ဓန နားထောင်ရင်း အသည်းယားနေသည်။ ဝဿန် က ခုချိန်ထိ အိပ်ချင်မူးတူး အသံလေးနှင့်ပင် ဖြစ်သည်။ အနားမှာသာ ရှိရင် သူ ဘာလုပ်မိမယ် မသိ ..။
" ကဲ .. ထတော့ .. အကို အောက်မှာ ရောက်နေပြီ .."
" ဟင် .. အပြင်မှာလား .. "
မေးပြီးသည်နှင့် ဝဿန် တစ်ယောက် အပြေးအလွှား ပြတင်းပေါက်ဆီကို ရောက်သွားသည်။ ခြံပြင်ကြည့်လိုက်တော့ အကို က ခြံရှေ့မီးတိုင်အောက်မှာ သူ့ကို လက်ယမ်းပြနေ၏။ နာရီကြည့်လိုက်တော့ မနက် ၄နာရီခွဲ .. အကို တစ်ယောက်အပြင်မှာ မဖြစ်ပါဘူးလေ ..။
" အကို .. ကျွန်တော် ဆင်းခဲ့ပြီ .. "
ပြောပြီးသည်နှင့် အကို့ အဖြေကို မစောင့်ပဲ ဖုန်းတန်းချကာ အောက်ထပ်သို့ အပြေးတပိုင်း ဆင်းလာခဲ့တော့သည်။ အိမ်အောက်ရောက်တော့ ခြံတံခါးသော့ကို ယူကာ ခြံရှေ့သို့ အပြေးနင်းရပြန်သည်။ သူခြံတံခါးနားရောက်လျှင် သော့ကို မြန်မြန်ဖွင့်ကာ အကို့ ကို အိမ်ထဲခေါ်ရတော့သည်။