ချစ်ရတဲ့ ဇာတိမြေကို လွမ်းသောကြောင့် ယနေ့ အပိုင်းသည် ပျင်းစရာကောင်းခြင်၊ ကောင်းနေပါမည်။
__________________
22.2.2022
" မန္တလေးသားတွေ.. ညီရဲ့လားဟေ့ .. "
" ညီတယ်ဟေ့ .. ညီတယ်ဟေ့ .. "
" အရေးတော်ပုံ .. "
" အောင်ရမည် .. "
" အရေးတော်ပုံ .. "
" အောင်ရမည် .. "
" အာဏာရှင်စနစ် .. အလိုမရှိ .. "
" အလိုမရှိ .. "
" တို့ပြည်သူတွေ .. ညီရဲ့လားဟေ့ .. "
" ညီတယ်ဟေ့ .. ညီတယ်ဟေ့ .. "
________________
2023 years
" မန်းလေးကို လွမ်းတယ်ဗျာ .. "
ဓန ရဲ့ ညည်းသံကို စစ်ကြောင်းမှူး ကိုဘခက် က လှည့်ကြည့်ရင်း စကားဆိုသည်။
" ငါက မန်းလေးသား မဟုတ်တော့ .. မန်းလေးရဲ့ အလှကို မသိဘူးကွာ .. မင်းက မန်းလေးသားဆိုတော့.. ဆိုစမ်းပါဦး .. မင်းမြို့ရဲ့ အလှကို .. "
ညဘက် စခန်းရှေ့ မီးပုံဘေးမှာ သူတို့ pdf တပ်ဖွဲ့ဝင်တွေ အများအပြားစုထိုင်နေကြသည်။ ကိုဘခက် စကားသံကြားတော့ မန်းလေးသားတွေက ခပ်ပြုံးပြုံးနဲ့ မြေပြင်ကို စိုက်ကြည့်နေကြသလို၊ အဝေးကို အဓိပ်ပါယျမဲ့ ငေးနေသည်များလည်း ရှိ၏။ တခြားမြို့မှ pdf တပ်ဖွဲ့ဝင်များကတော့ နားစွင့်နေကြသည်။
ကိုဘခက် မေးလိုက်မှ ဓန ရဲ့ မန်းလေးကို လွမ်းသည့်စိတ်က ပိုတိုးလာလေသည်။
" သိပ်လှတဲ့ .. မြို့ကြီးပေါ့ဗျာ .. ပူလည်းလှ .. အေးလည်းလှပါပဲ ။ မန်းလေးသားဟာ .. အညာသားတဲ့ ..။ ဟုတ်ပါတယ် .. ကျွန်တော်ဟာ အညာသားပါပဲ ..။ မန်းသကြ်န် မကျတာ .. ကြာပြီပေါ့ဗျာ ..။ တကယ်မလွယ်ဘူး။ အားတင်းထားရတယ် ..။ ကျုံးတစ်လျှောက်က လမ်းလျှောက်သကြန်ကို မလွမ်းတဲ့ မန်းလေးသား .. ရှိမတဲ့လားဗျာ .. ဒါပေမယ့် .. မြို့မ ကိုတော့ စိတ်နာတယ်ဗျာ .. "
" ဘီယာ အကင်နဲ့ .. ရွှေညိုချိန် အကြောင်းလည်း ထည့်ပြောဦးမှပေါ့ကွာ .. "