" မင်းကွာ....မင်းအသက်စွန့်ပြီး တက်ဆွဲခဲ့တဲ့ မင်းသူငယ်ချင်းက အသက်ရှင်တယ်ဆိုလည်း ထားပါတော့....အခုက အသက်မရှင်ခဲ့ဘူး....တကယ်လို့သာ မင်းပါ ကျည်မှန်လို့ အသက်စွန့်ရရင်... နှစ်ယောက်သေမှာ....မင်းစွန့်လွှတ်စွန့်စားရတာ တန်သလား...."
ခေါက်ရိုးကျိုးနေတဲ့ စာရွက်လေးကို ကြည့်ရင်း.... ဓန.... ငူငူကြီးထိုင်နေမိသည်။ သူ့ဘေးနားတွင်တော့ ကိုဘခက်နှင့် ရဲဘော်ညီနှောင်များ ရှိနေကြသည်။
" တန်ပါတယ်.....သိပ်ကိုတန်ပါတယ်....ဘာလို့လဲဆိုတော့....ကျွန်တော်သူ့ကို တက်ဆွဲပြီး ပွေ့လိုက်တဲ့အချိန်မှာ သူမသေသေးဘူး.... ဒါပေမယ့် အသက်ငွေ့ငွေ့ပဲကျန်တယ်....သူ့ရဲ့ နောက်ဆုံးထွက်သက်မှာ ကျွန်တော့်ကို ပြုံးကြည့်ပြီး ပြောသွားတယ် ...မင်းလာကယ်မယ်ဆိုတာ ငါသိတယ်တဲ့ ..."
ဒါဟာ .. ရဲဘော်ရဲစိတ်ရယ်....မျှော်လင့်ချက်ရယ်...ဆိုတာ ဓန စိတ်ထဲ အတပ်သိနေသည်။
သူတို့အဖွဲ့နှင့် မဟာမိတ်အဖွဲ့များ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်၍ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေကြသည်။ ယခု မြို့သိမ်းပွဲသည် အောင်မြင်ခံနီးမှ တစ်ဖက်က လေကြောင်းပစ်ကူ လာသဖြင့် ဓန တို့အဖွဲ့များအားလုံး ခေတ္တခဏ ခြေတစ်လှမ်း နောက်ဆုတ်ကြရသည်။
မိုက်ရူးရဲဆန်ပြီး ရှေ့ဆက်တိုးလျှင် သေရုံသာရှိမည်။ ထို့ကြောင့် ဉာဏ်ကိုလွှာသုံးကြရမည်ဖြစ်သည်။
_______________________
" ထွဋ် .. ဘာတွေငေးနေလဲ .. ကော်ဖီတွေ အေးကုန်တော့မယ်...."
" ဟင် ... ဒီလိုပါပဲ .. လူတစ်ယောက်အကြောင်း တွေးမိသွားလို့ .. "
" ဘယ်သူများလဲ .. "
" အင်း... ရှိတယ် .. အဲ့လိုလူ...သူ့အကြောင်းတွေးမိလိုက်ရင် ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားလောက်တဲ့အထိ ဆွဲငင်အားကောင်းတဲ့ အဲလို လူတစ်ယောက် ငါ့ဘဝမှာ ရှိတယ် .."
ဝဿန့် စကားအဆုံးမှာ .. မြတ်နိုး လက်ထဲက ကော်ဖီခွက်ကို ဘေးသို့ အသာချကာ သူမဘေးက.. ဖြူဖြူချောချော ကောင်လေးကို ငဲ့ကြည့်လိုက်သည်။