Part 5 U&Z

20 1 0
                                    

" ခေတ်ကိုပြောင်းချင် ခေါင်းကိုပြစ်ဆိုပြီး ပြည်သူတွေကို ခေါင်းတွေကြီး ချိန်ပြစ်ခဲ့တာကို မမေ့နဲ့  ... ဒီနေ့ ဖမ်းသွားရင် မနက်ဖြန် အလောင်းပြန်လာယူဆိုတဲ့ အချိန်ကာလကို မမေ့နဲ့  .. လူတစ်ယောက်ရဲ့ ပါးစပ်ထဲကို ရက်ရက်စက်စက် အက်စစ်တွေလောင်းထည့်ပြီး ပုံပျက်ပန်းပျက်ဖြစ်အောင် သတ်ခဲ့တဲ့ကောင်တွေကို မမေ့နဲ့  ... ဆန္ဒပြပွဲတွေမှာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို စစ်ကားပေါ်တင်ပြီး ခိုးခဲ့တဲ့ကောင်တွေကို မမေ့နဲ့  ... ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို အချုပ်ကားထဲ ဆန့်သလောက်ထည့်ပြီး (၅၀၅) နဲ့ ထောင်ဒဏ်ကို နှစ်ချီပြီး ချခံခဲ့ရတာကိုမမေ့နဲ့  ... "

ခေါင်းဆောင်ပြောတဲ့ မိန့်ခွန်းကို ဓန တို့ pdf ရဲဘော်တွေ အကုန်လုံး  သတိအနေထားနဲ့ နားထောင်နေကြသည်။ အကြောင်းမှာ နေ့လည် ထိုးစစ်ဆင်မည့် မြို့သိမ်းတိုက်ပွဲအတွက် ရဲဘော်ညီနှောင်တွေ၏ စိတ်ဓာတ်ကို  မြင့်တင်ပေးနေသည့် မိန့်ခွန်းများ မိန့်နေခြင်းပင် ဖြစ်သည်။

" ငါတို့ရဲ့ ကြွေးကြော်သံတွေက ရှင်းပါတယ်  .. ငါတို့အတွက်လို့ မတွေးခဲ့ကြဘူး  .. နောင်လာနောက်သားတွေ အာဏာရှင်စနစ် ထပ်မကြုံရဖို့ ဆိုတာပါပဲ  .. "

ရဲဘော်တွေ၏ မျက်လုံးများသည် ခိုင်မာသော သံဓိဌာန်ကို ချထားပြီးသည် ဖြစ်သောကြောင့် စူးရှပြတ်သားနေသည်။ ခေါင်းဆောင်၏ မိန့်ခွန်း စကားတစ်လုံးခြင်းဆီကပင် သူတို့၏ မဟုတ်မခံ မျိုးချစ်စိတ်ဓာတ်ကို တဖွားဖွားပေါ်ပေါက်လာစေသည်။

" အဓိက မျှော်လင့်နေတဲ့ ပန်းတိုင်ကို ရခဲ့ပြီဆိုရင်  တချိန်မှာ ငါတို့ဟာ  .. ငါတို့နောက်မျိုးဆက်တွေကို  .. တဝကြီး  .. ပြုံးပြုံးကြီး .. ငါတို့ အကြောင်း ပြောပြနိုင်ပြီ။..  တိုင်းပြည်အတွက်  .. နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အကြောင်း .. ဂုဏ်ယူစွာ .. လက်ခမောင်းခတ်ပြီး ဝံ့ကြွားနိုင်ပြီပေါ့ကွာ  .. "

အဖွဲ့ခေါင်းဆောင်၏ မိန့်ခွန်း ပြောကြားအပြီး သူတို့ တန်းဖြုတ်ကြသည်။ တန်းဖြုတ်ပြီးသည်နှင့် ဓန တစ်ယောက် ဖုန်းလိုင်းရရှိဖိုအရေး တောင်ခြေစပ်နားသို့ အပြေးအလွှား သွားရသည်။ သူအမေနဲ့ ချစ်ရသူကို ပြောခဲ့ရမည်မဟုတ်လား။

Second Burma KingdomWhere stories live. Discover now