ဆောင်းဟွန်းတစ်ယောက်ဟီဆွန်းကိုကြောင်ပြီးရပ်ကြည့်နေမိသည်~~
ဒီလူသူ့ဘဝထဲကနေထွက်သွားခဲ့တာ ၅နှစ်ကျော်တောင်ရှိခဲ့ပြီ~~
အရာအားလုံးကိုကျောခိုင်းပြီး.....
တစ်စုံတစ်ရာကြိုတင်အသိပေးခြင်းမရှိပါ
ဘဲနဲ့......ပြီးတော့ ဆောင်းဟွန်းရဲ့အချစ်တွေကိုပါခိုးယူသွားခဲ့သေးသည်~~~
"EJ ~~မင်းသွားလို့ရပြီ"
"ဟုတ်ကဲ့ပါ Boss"
တံခါးပိတ်သံကြားလိုက်ရပြီးနောက်ဟီဆွန်းကဆောင်းဟွန်းဆီသို့လျှောက်လာခဲ့သည်~~
"လွမ်းနေခဲ့တာ~~ဒီကိုယ်သင်းနံ့လေးကို"
ဟီဆွန်းက ဆောင်းဟွန်းကိုပျောက်ကွယ်သွားမှာစိုးသည့်အလားတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားသည်~~
"ဖယ်စမ်း~~ငါအသက်ရှုကျပ်လာပြီ"
ဆောင်းဟွန်းက သူ့ကိုဖက်ထားတဲ့ဟီဆွန်းရဲ့လက်တွေကိုခက်ခက်ခဲခဲဖယ်ရှားပြီးနောက် ဟီဆွန်းကိုရုတ်တရက်ဆွဲထိုးလိုက်သည်~~~
"မင်း လူမဟုတ်ဘူးလား ဟမ်~ထွက်သွားမယ်ဆိုရင်လည်း ဘယ်သွားမယ်ဆိုတာငါတို့ကိုနည်းနည်းပါးပါးပြောခဲ့မှပေါ့~မင်းပျောက်သွားတော့ အမေဘယ်လောက်ခံစားခဲ့ရမလဲ မတွေးမိဘူးလား~ဆောနူရော ဆောနူဆိုမင်းကိုလွမ်းလို့တစ်ပတ်လောက်မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ရတာ~အနည်းဆုံးတော့ အရိပ်အမြွက်ပဲဖြစ်ဖြစ်အသိပေးခဲ့သင့်
တာကို......"ဆောင်းဟွန်းအသံကတစ်ဖြည်းဖြည်းတိုးဝင်လို့သွားခဲ့သည်~~
ဒီနှစ်တွေထဲမှာသူပင်ပန်းခဲ့တဲ့အချိန်တိုင်း
ဟီဆွန်းကိုဘယ်လောက်တောင်သတိရခဲ့လဲသူအသိဆုံး~~တစ်ချိန်မှာ ပြန်လာမှာပဲဆိုတဲ့စိတ်နဲ့အတတ်နိုင်ဆုံးအားတင်းပြီး မိသားစုရှေ့မှာမားမားမတ်မတ်ရပ်ခဲ့ရတာ~~
ဆောင်းဟွန်းစကားကြောင့်ဟီဆွန်းအံ့သြသွားခဲ့သည်~~
အင်း~~ကြည့်ရတာ အမေကဘယ်သူ့ကိုမှ အသိမပေးခဲ့တဲ့ပုံပဲ~~