❣️7❣️

111 21 6
                                    

"အီး ဟီး ကိုကြီး မကောင်းဘူး.....ဟင့်.....လူကိုနာအောင်လို့....အင့်.....တမင်တကာလုပ်တာ~"

ဆောနူသည် ဖွေးဥနေသောမျက်နှာတစ်ပြင်လုံးရဲတွတ်သွားအောင်ကိုအာခေါင်ခြစ်ပြီးအော်ငိုနေသည်~~

"တိတ်ပါ ဆောနူနူးရယ်....ကိုကြီးလည်းဘာမှမလုပ်ပါဘူးကွာ....မင်းဘာသာဖြစ်တာမဟုတ်လား??"

"အင့်~အဲ့တာ ကိုကြီးမခိုင်းရင် ဘယ်လိုဖြစ်မှာလဲလို့~အီး "

"ဘာဖြစ်နေကြတာလဲ ?? ဟီဆွန်း ကလေးကိုဘာလုပ်လိုက်ပြန်ပြီလဲ??"

ဆောနူကငိုလိုက် ဟီဆွန်းကချော့လိုက်နှင့်သံသရာလည်နေစဥ် အမေပြန်ရောက်လာသည်~

"အီး ဟီး ဒေါ်လေး~~ကိုကြီးလုပ်တာ သားနောက်စေ့မှာ ဘုထွက်သွားပြီလို့~~"

"ဟယ် အီဟီဆွန်း နင် ကလေးကိုဘယ်လိုလုပ်လိုက်တာလဲ ဟမ် ကိုယ့်ညီလေးကို အဲ့လောက်ရိုက်ရလား???"

"ဟာ အမေကလည်း မသိပဲနဲ့ဘာတွေပြောနေတာလဲ?? ဟိုဘက်ခြံကခွေးကခြံထဲကအပင်တွေကိုလာယက်နေလို့ မောင်းခိုင်းလိုက်တာ အဲ့တာသူ့ဘာသူချော်လဲလာပြီး သားလုပ်လို့ဆိုပြီးတော့ ငိုနေတာကို..."

"အဲ့တာ ကိုကြီးကြောင့်လေ~ကိုကြီးမခိုင်းရင် ဘယ်လိုဖြစ်မှာလဲလို့~~နူနူးက စာပဲလုပ်နေတဲ့ဥစ္စာ~သူများကိုသက်သက်မဲ့အနိုင်ကျင့်တာ...."

"မငိုနဲ့တော့ ဆောနူနူး.....ဒီမှာသားကြိုက်တဲ့အာလူးကြော်တွေပါလာတယ် ဒေါ်လေးနဲ့စားကြမယ်~သားနောက်စေ့ကို ဒေါ်လေးကြပ်ထုပ်ထိုးပေးမယ်နော်....လာ လာ သူ့ကိုထားခဲ့မယ် ဒေါ်လေးတို့ပဲစားကြမယ်"

ဆောနူကိုချော့မော့ပြီး အမေကအိမ်ထဲခေါ်သွင်းသွားသည်~~

ဆောနူနူးသည် တကယ့်ကို ဒရာမာကင်း~~

ကြီးလာရင် ရုပ်ရှင်မင်းသားလုပ်ခိုင်းဦးမယ်~~

~
~
~
~
~

"သားအပြင်သွားလိုက်ဦးမယ်နော် အမေ"

"ကြွ ကြွ ပြန်မလာလည်းရတယ် "

အမေ့ဆီကခွင့်ပြုချက်ရတာနဲ့ ဟီဆွန်းစက်ဘီးစီးလို့ ဦးတည်ရာက ဆောင်းဟွန်းဆီ~~

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

Gangster's Little GuyWhere stories live. Discover now