နံနက်ခင်းရဲ့စူးရှတဲ့နေရောင်ခြည်ကြောင့် ဆောင်းဟွန်းနိုးလာခဲ့သည်~နိုးနိုးချင်းတွေးမိတာက ဒါဘယ်နေရာလဲ??
ညက လူစိမ်းတွေအိမ်ထဲဝင်လာပြီး သူ့ကိုရိုက်သွားတဲ့အထိပဲမှတ်မိသည်~
အမေရော~အမေဘယ်မှာလဲ?
ဆောနူရော~ဘေးကင်းရဲ့လား??
အထပ်ထပ်လွှမ်းခြုံထားတဲ့စောင်ပုံထဲကရုန်းထွက်လိုက်ပြီး အခန်းတံခါးဖွင့်ကာအပြင်ထွက်လိုက်တော့ အံ့သြလွန်းသဖြင့်ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်မိသည်~~
တောက်ပြောင်နေတဲ့ကြမ်းခင်းတွေ လှပတဲ့နံရံကပ်ပန်းချီတွေ ထောင့်တိုင်းမှာအလှဆင်ထားတဲ့ တန်ဖိုးကြီးကြွေပန်းအိုးတွေ အရောင်တလက်လက်ထနေတဲ့ လှေကား~~~
အိုး~~ဒီနေရာကဘယ်နေရာမို့လို့ ဒီလောက်တောင် မထိရက်မကိုင်ရက်လောက်တဲ့အဖိုးတန်ပစ္စည်းတွေနဲ့ပြည့်နှက်နေတာ
ပါလိမ့်??လှေကားအတိုင်းအောက်ကိုဆင်းလာတော့ ခန်းလုံးပြည့်ခင်းထားတဲ့ မွေးပွကော်ဇောက နင်းရက်စရာပင်မရှိ~~
အလယ်တည့်တည့်မှာ ချိတ်ဆွဲထားတဲ့ မီးဆိုင်းကြီးကလည်း မျက်စိတောင်ကျိန်းလောက်သည်~
မီးဖိုဆောင်လိုနေရာဘက်က ဆောနူအသံကိုကြားမိသလိုရှိတာကြောင့် အဲ့နေရာကိုလျှောက်သွားလိုက်သည်~~
~
~
~
~
~
~
~
"ဝါး~~အနံ့လေးကမွှေးနေတာပဲ ဒါတကယ်စားလို့ရတာလားဟင်?"မျက်စိရှေ့ကအငွေ့တထောင်းထောင်းထနေတဲ့ အမဲသားစွပ်ပြုတ်ကြောင့် ဆောနူရဲ့မျက်နှာလေးကဝင်းပနေသည်~~
"မင်းမစားရင် ငါစားလိုက်မယ်"
"ပေးစရာလား ကိုယ့်ဘာသာစားမှာပေါ့"
ဆောနူ Rikiဆိုတဲ့လူကြီးကို မျက်စောင်းတစ်ချက်ထိုးပစ်လိုက်သည်~
အလကားလူကြီး~သူများတွေကိုဖမ်းခေါ်လာပြီးရောင်းစားမယ်လို့ပြောသေးတာ~ဟွန့်
"Riki~ကလေးကိုလိုက်စမနေနဲ့~မင်းဘာစားမှာလဲ သွားယူလေ"
Jakeက coffeeတစ်ခွက်နဲ့ပေါင်မုန့်မီးကင်ယူလာပြီးစားပွဲဝိုင်းမှာဝင်ထိုင်သည်~~