❣️5❣️

264 33 10
                                    

"အား......လက်တွေညောင်းလိုက်တာနော်"

ဟီဆွန်းက တောင့်တင်းနေတဲ့သူ့ရဲ့လက်မောင်းကိုဖြေလျှော့ရင်းညည်းနေသည်

အီဟီဆွန်းတို့ဒီနေ့ကံမကောင်းပါ~~

မနက်မိုးလင်းအတန်းချိန်စကတည်းက အတန်းရှေ့ကော်ရစ်တာမှာ မတ်တပ်ရပ်
ရင်းလက်မြှောက်ထားရတာ ထမင်းစားခေါင်းလောင်းထိုးသည်အထိပင်~~

မနက်ပိုင်း physicsဆရာအတန်းချိန်တွင်စာအုပ်မပါလာ၍အပြင်ထွက်လက်မြှောက်
ရသည်~

ထို့နောက် သင်္ချာဆရာမအချိန်တွင်အိမ်စာမထပ်သဖြင့် တစ်ခါထပ်ပြီးအပြင်ထွက်လက်မြှောက်ရပြန်သည်

နောက်ထပ် အင်္ဂလိပ်စာသင်ချိန်တွင် စာမရ၍~~

ထပ်ပြီး ကိုရီးယားသမိုင်းချိန်တွင် စာနားမထောင်၍~~

တစ်ချိန်ပြီးတိုင်း တခြားသူတွေသာပြောင်းသွားပေမဲ့ အီဟီဆွန်းကတော့ ပင်တိုင်စံမင်းသားဖြစ်နေသည်~~

သူ့မှာတစ်မနက်လုံးကော်ရစ်တာနဲ့ညားနေလို့ဆောင်းဟွန်းနီးအနားတောင်မကပ်ရပေ~~

"ဆောင်းဟွန်းနီးဖို့ နို့ဝယ်လာတယ် ယူပါနော်"

စလာပြီ စလာပြီ မျက်စိနောက်စရာတွေ~~

ကျောင်းဆင်းချိန်တိုင်း ကောင်မလေးတွေက ဆောင်းဟွန်းကိုတစ်မျိုးမဟုတ်တစ်မျိုးလာပေးတတ်ကြတာ ~

"ဟမ်? ဆောင်းဟွန်းနီးဖို့ပါဆို နင်ကဘာလို့သောက်တာလဲ?"

ဆောင်းဟွန်းရှေ့မှာချထားတဲ့ နို့ဘူးလေးကိုဖောက်သောက်လိုက်တော့ ကောင်မလေးကသူ့ကိုမျက်လုံးပြူးပြီးအော်လာသည်~

"ငါရေဆာနေလို့ပါဟာ~ဆောင်းဟွန်းကို
နင့်အစားငါပဲဝယ်တိုက်လိုက်မယ် ရပြီလား?"

အခုမဟုတ်လည်း နောက်ကျရင်ဟီဆွန်းပဲသောက်ရမှာကိုတစ်ခါတည်းသောက်လိုက်တော့လည်းဗိုက်ပြည့်တာပေါ့~~

ကောင်မလေးကသူ့ကိုမကြည်ကြည့်နဲ့ကြည့်ပြီးထွက်သွားသည်~~
~
~
~
~
~

ဆောင်းဟွန်းကတော့ထမင်းစားလွှတ်ချိန်တောင် စာအုပ်နဲ့မျက်နှာမခွာပေ~~

Gangster's Little GuyWhere stories live. Discover now