❣️6❣️

214 21 6
                                    

သင်္ချာဆရာမအချိန်သည် အပ်ကျသံကြားရလောက်အောင်ပင်တိတ်ဆိတ်နေသည်~

"ဒါဘယ်သူ့စာအုပ်လဲ? စာအုပ်အသစ်လား? နာမည်လည်းမပါဘူး~အီ တစ်လုံးပဲရေးထားတယ်"

ဆရာမက အသစ်ဖြစ်ပုံရသည့်စာအုပ်ကိုထောင်ပြရင်းမေးသည်~~

"အဲ့တာ ကျွန်တော့်စာအုပ်ပါ ဆရာမ"

ဆောင်းဟွန်းမှလွဲ၍ဆရာမပါမကျန်အတန်းထဲရှိလူကုန် ဟီဆွန်းကိုငေးကြည့်ရင်းအံ့သြနေကြသည်~~

ဒါပထမဆုံး ဟီဆွန်းစာလုပ်တာကိုမြင်ဖူး
တာပဲ~

"ဟဲ့~စာအုပ်ထပ်ရင် နာမည်သေချာရေးလေ~ငါနာမည်တပ်ပေးလိုက်ရမှာလား?"

"နာမည်ရေးမလို့လုပ်နေတုန်း ဆရာမပဲမြန်မြန်လာတင်ဆိုလို့တစ်လုံးပဲရေးလိုက်ရတာ"

"ထားတော့....ဒါမင်းလက်ရေးလား...မဆိုးဘူး လှသားပဲ~ငါ့အတန်းချိန်မှာ ဒါပထမဆုံးစာအုပ်ထပ်ဖူးတာမလား? နောက်ဆုံးတော့အသိတရားရသွားပြီပေါ့~အီဟီဆွန်းကိုဘယ်သူများအသိဝင်အောင်လုပ်ပေးလိုက်တာလဲ သိချင်လိုက်တာ"

ဆရာမက စာအုပ်ကိုတလှည့် ဟီဆွန်းကို
တလှည့်ကြည့်ရင်း ပြောသည်~

"ကဲ~တစ်ယောက်ကတော့ အသိတရားဝင်သွားပြီ~အချစ်ရဲ့စွမ်းအားတွေလား ဘာလားတော့မသိဘူး~ကျန်တဲ့သူတွေလည်းကြိုးစားကြမယ်~ကြားလား?"

"ဟုတ်........"

~
~
~
~
~

"Wow...ဟီဆွန်းကတော်လိုက်တာ~ငါပြောသားပဲ~တီချယ်ကမင်းကိုချီးကျူးမှာပါလို့"

ဆောင်းဟွန်းက သူ့နားကပ်ရင်းလက်မထောင်ပြကာတိုးတိုးပြောသည်~

ဟီဆွန်းကတော့ ဆရာမချီးကျူးတာ ဘယ်လိုမှမခံစားရပေမဲ့ဆောင်းဟွန်းနီးက အဲ့လိုပြောတော့ ရင်ထဲမှာလိပ်ပြာတွေအုပ်လိုက်ကြီး ထပျံနေကြတာ ရပ်လို့မရတော့ဘူး~~

~
~
~
~
~

"ဟီဆွန်း ခွေးကောင် မင်းစာတွေကြိတ်လုပ်နေတယ်ဆို~ငါတို့အခန်းထိတောင်သတင်းရတယ်ဟ"

"အေးလေ~သင်္ချာဆရာမက သူဝင်တဲ့အတန်းတိုင်း မင်းအကြောင်းပဲပြောနေတာ~လက်ရေးလည်းလှတယ်တဲ့~ဒါမင်းငါတို့ကိုသစ္စာဖောက်တာပဲ~သစ္စာဖောက်ကောင်"

Gangster's Little GuyWhere stories live. Discover now