"ဟန်ယူဂျင်း မင်းက သတ္တိတွေတအားရှိနေတယ်ပေါ့?"
"သတ္တိက အရင်ကတည်းကရှိတာလေ မင်းမသိဘူးလား? ဒီကောင် ဟာသတွေလာပြောနေတာပဲ ဟက်"
"မင်အာက ငါလိုက်နေတဲ့ကောင်မလေးကွ"
"ကျစ်! အာရုံတွေနောက်အောင်ကွာ မင်အာ မကလို့ နောက်ထပ်လိုချင်လည်း မင်းဘာသာမင်း လိုက်ပါ့လား ဘာတွေလာစားနေတာလဲ"
"မင်အာက မင်းကိုကြိုက်နေတာတဲ့လေ"
"ဪ....ဒါကတော့ ငါရုပ်ကတအားချောနေတော့ ဘာမှလုပ်ပေးလို့ ရမနေဘူးပဲ"
ယူဂျင်းက တုတ်ထိုးချိုချဉ်ကို ပါးစောင်တွင်ငုံကာ ခနဲ့တည့်တည့် စကားများကိုပြောသည်။သူက ကျောင်းတွင် ခပ်ဂျစ်ဂျစ် လူတစ်ယောက်။အကုန်လုံးက သိတာကတော့ "Red flag"တဲ့။ယူဂျင်းကို တွဲချင်တဲ့သူတွေမှအများကြီးလေ။ဘယ်လောက်များလို့လဲလို့မေးချင်ရင်တော့...ရေတွက်လို့တောင်မရလို့ ပြောတောင်မပြတတ်ဘူး။
ဒီလောက် တွဲချင်တဲ့လူတွေကများနေတော့လည်း ယူဂျင်းက တစ်ယောက်ထဲကို အကြာကြီးတွဲမနေနိုင်ဘူးလေ ဟုတ်တယ်မလား။တစ်ယောက်ကို တစ်ပတ်လောက်ဆိုတော်ပြီပေါ့။ဒီလိုတွဲတာတောင် အခုထိ မကုန်နိုင်ဘူး။
အခုလည်း တစ်ဖက်ကကောင်က ရန်လိုနေပုံပဲ။သူ့ဘာသူ အဖြစ်မရှိတာကို ပြဿနာက လာရှာနေသေးတယ်။
"ဒီမယ် မင်အာဖြစ်ဖြစ် ဘာဖြစ်ဖြစ် မင်းဘာမင်း ရအောင်လိုက် အဖြစ်မရှိတာကို ငါ့လာ အာရုံလာနောက်မနေနဲ့ ငါ့အချိန်ကုန်တယ်"
"ဒါဆို မင်းရဲ့ တစ်ပတ်တွဲတဲ့ စာရင်းထဲ မင်အာကို မထည့်နဲ့"
"ဒါတော့ အာမ မခံနိုင်ဘူးလေ..ငါနဲ့ တအားတွဲချင်နေတာဆိုရင်တော့ ငါကလည်း သနားကြင်နာတတ်တဲ့စိတ်လေးရှိနေတာမလို့..."
ယူဂျင်း စကားမဆုံးလိုက်ခင်မှာပင် တစ်ဖက်ကကောင်က ယူဂျင်းဆီကို အတင်းပြေးလာပြီးထိုးဖို့လုပ်တယ်။စိတ်မကောင်းစရာကတော့ ယူဂျင်းကို နည်းနည်းလေးတောင် ထိမသွားတာပဲ။
"ဝိုး..ဝိုး..စိတ်ထိန်းပါ ဆရာသမားရယ် ဒါလေးပြောတာကို ဘာတွေ ဖြစ်ပျက်နေရတာတုန်း ငါ အရှောင်မမြန်ရင် ငါ့ မျက်နှာချောချောလေး ထိုးမိတော့မလို့ဟ"