- ယူဂျင်း ကိုယ့်ကိုစာပြန်ပါဦး
- တစ်ခုခုဖြစ်နေတာလား ကလေးလေး
- ကိုယ် တစ်ခုခုအမှားလုပ်မိလို့လား
ဂယူဗင်း ယူဂျင်းကို မတွေ့တာ မနက်ကျောင်းသွားကတည်းကပင်။တစ်နေ့လုံးလည်း ဂယူဗင်း အလုပ်လုပ်နေတဲ့ဆိုင်ဘက်ကို တစ်ချက်လှည့်မလာတဲ့အပြင် ကျောင်းကိုလိုက်သွားကြည့်တော့လည်း ယူဂျင်းသူငယ်ချင်းတွေပြောသည်က ကျောင်းမလာပါဘူးတဲ့။
ပုံမှန်ဆို သွားတဲ့နေရာကို ဂယူဗင်းမေးရင် ပြန်ဖြေပါသည်။ဒီတစ်ခါတော့ စာမပြန် ၊ ဖုန်းခေါ်ပြန်တော့လည်း မကိုင်ပါ။
ဂယူဗင်း ဖုန်းကို လက်ထဲကနေမချမိ။စာတွေ ဆက်တိုက်ပို့မိနေဆဲ ၊ ဖုန်းတွေဆက်တိုက် ခေါ်မိနေဆဲ။ရည်းစားဖြစ်ကတည်းက သူ ယူဂျင်းကို တစ်ခါလေးတောင် မချုပ်ခြယ်ဖူးပါဘူး။တစ်ခုခုဆို ခွင့်မတောင်းလည်းရတယ် အသိတော့ပေးပါလို့ ပြောထားရက်နဲ့ ယူဂျင်းက တစ်ခါလေးတောင် အလေးမထားခဲ့ပေ။
ဂယူဗင်း ယူဂျင်းသွားနေကျ ကလပ်ကိုတောင် ရောက်ခဲ့သေးသည်။ဒါပေမဲ့ ကလပ်မှာလည်း နေရာနှံ့အောင်ရှာကြည့်ခဲ့ပေမဲ့ ယူဂျင်းရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး။
ဇွဲမလျော့ပဲ ဖုန်းဆက်တိုက်ခေါ်နေခြင်းက ဒီတစ်ခါတွင်တော့ အလုပ်ဖြစ်သည်။အချိန်အတော်အကြာ ဖုန်းခေါ်ပြီးနောက် ယူဂျင်းက ဖုန်းကိုင်လာပါသည်။
"ဟယ်လို"
"ဟယ်လို ယူဂျင်းနီး အဆင်ပြေရဲ့လား အခုဘယ်ရောက်နေရတာလဲ ကိုယ် စိတ်ပူနေတာ"
"အာ Sorry ကျွန်တော် ဂိမ်းဆိုင်ရောက်နေတာ..ခင်ဗျားကို မပြောခဲ့မိဘူးလား"
"...."
ဂယူဗင်းကတော့ တစ်နေကုန် စိတ်တွေပူပြီး အရူးတစ်ယောက်လို ဖြစ်နေခဲ့ပေမဲ့ ယူဂျင်းကတော့ ဂိမ်းဆိုင်မှာ ပျော်နေခဲ့ပါသတဲ့။ "သွားဦးမယ်" ဆိုတဲ့ စကားလေးတောင် ဂယူဗင်းကို အမှာခြွေမသွားခဲ့ဘူးလေ။
ဒီလိုပါပဲ ယူဂျင်းက သူ့အပေါ်ကိုဆို ပေါ့ပေါ့တန်တန်ရယ်။ဒါကိုလည်း ဂယူဗင်းက နည်းနည်းလေးမှ စိတ်ကွက်တယ်လို့ မရှိဘူး။ဝမ်းနည်းပေမဲ့ ဝမ်းနည်းတာကို ထုတ်မပြပဲ သဘောထားကြီးချင်ယောင် ဆောင်ရသည်။