"ဟေ့လူ ကားပေါ်တက်"
ဂယူဗင်း စတိုးဆိုင်ကထွက်လာချိန် ဆိုင်ရှေ့ကို ကားထိုးရပ်ပြီး ယူဂျင်းက ကားပေါ်တက်ရန် ခေါ်သည်။
"ဘာရပ်ကြည့်နေတာလဲ ဒါ ဒီနေ့မှ ဝယ်လာတဲ့ကားနော် ခင်ဗျားကို အရင်ကားပေါ်ခေါ်တာ"
ယူဂျင်း စကားပြောပုံက မယဉ်ကျေးပေမဲ့ "ခင်ဗျားကို အရင်ကားပေါ်ခေါ်တာ" ဆိုပြီး ကြားလိုက်သည်နှင့် စိတ်ထဲကြိတ်ပျော်သွားကာ ဂယူဗင်း မသိမသာပြုံးမိသည်။
ဂယူဗင်း ကားအနားကို သွားကာ အနောက်ခန်းကို ဝင်ထိုင်ဖို့ ပြင်လိုက်ပါသော်လည်း ယူဂျင်းက
"ဟာ ခင်ဗျား.. အရှေ့လာထိုင်လေ ကျွန်တော်က ကိုက်မစားပါဘူး တကယ်တမ်းဆို ခင်ဗျားကိုသာ ကျွန်တော်ကကြောက်ရမှာ..ဘာလဲ ကျွန်တော်နဲ့ ရှေ့မှာ မထိုင်ချင်ဘူးလား? အဲ့လို သဘောလား?"
ယူဂျင်းက မျက်မှောင်ကြုံ့ပြီး အလိုမကျစွာနှင့် ဂယူဗင်းကိုမေးသည်။ဒါက ယူဂျင်းသူ့ကို စိတ်ဆိုးတော့မည့် အမူအရာ။စိတ်ဆိုးသွားလို့တော့ မဖြစ်ပါ။ယူဂျင်းစိတ်ဆိုးရင် အိမ်ဘေးချင်းကပ်လျက်နေတာတောင် ဂယူဗင်းနဲ့ နည်းနည်းလေးမှမတွေ့အောင် ရှောင်ပြေးတတ်သည်မို့။ထို့ကြောင့် ကပြာကယာ ပြန်ပြောရပါသည်။
"အဲ့...အဲ့လိုမဟုတ်ပါဘူး ထိုင်ချင်ပါတယ်..ယူဂျင်းပဲ ကိုယ့်ကို ၆..၆ပေအကွာမှာနေဆိုလို့.."
ဂယူဗင်း ခပ်သွက်သွက် ရှေ့က Lover Seat ကို သွားထိုင်ရသည်။ဂယူဗင်းမှာလည်း ပိုင်ဆိုင်တဲ့ကားတွေ အများကြီးဆိုပေမဲ့ အခုအချိန်မှာသူက အချိန်အပိုင်းအလုပ်သမားအယောင် ဆောင်နေတာမဟုတ်လား။ဒါကြောင့် သူ ကားမစီးဖြစ်တာတောင်ကြာလှပြီ။
ယူဂျင်းကို လိုက်နေတာ တစ်ပတ်လောက်တော့ရှိပြီ။တခြားသူတွေဆို အခုတွဲချင်တယ်ပြော အခုတွဲတဲ့ ကောင်လေးပေမဲ့ ဂယူဗင်းကိုတော့ မူနေခဲ့ပါသည်။
"ခင်ဗျား ရည်းစားထားဖူးလား?"
အရှေ့ကို အာရုံစိုက်စွာ ကားမောင်းနေသော
ယူဂျင်းက မေးလာသည်။"ဟင့်အင်း"
"ဟမ်? တစ်ခါလေးတောင်လေ?"
"အင်း ကိုယ် တစ်ခါမှ ရည်းစားမထားခဲ့ဖူးဘူး"