လက်ထပ်ပွဲကို လူသိရှင်ကြား မလုပ်ချင်ဘူးလို့ ယူဂျင်းကပြောတာကြောင့် နှစ်ဖက်မိဘတွေနဲ့ အမျိုးတွေလောက်သာ ဖိတ်ပြီး အကျဉ်းချုပ်လုပ်ရ၏။ဂယူဗင်းစိတ်ကတော့ ခမ်းခမ်းနားနား ဆောင်ချင်တာဆိုပေမဲ့ပေါ့။
"ယူဂျင်းနီး ဟန်းနီးမွှန်း ဘယ်သွားချင်.."
"ဒီမှာ! ကျွန်တော်က ခင်ဗျားနဲ့ ဟန်နီးမွှန်း သွားချင်တဲ့ရုပ် ပေါက်နေလို့လား? ဘယ်မှမသွားဘူး"
ဂယူဗင်း စကားအဆုံးထိတောင် မရောက်လိုက်ပဲ ယူဂျင်းက ဖြတ်ပြောလာသည်။ဂယူဗင်းလည်း ပြောမဲ့စကားကို ဘရိတ်အုပ်ကာ ယူဂျင်းနဲ့နေမဲ့ အိမ်အသစ်ကိုသာ မောင်းခဲ့လိုက်တော့၏။အိမ်ရှေ့ကို ကားရပ်ပေးလိုက်သည်နှင့် ဘာစကားမှမပြောပဲ ယူဂျင်းက အထဲဝင်သွားသည်။
"တစ်ခန်းထဲသုံးရမယ်ပေါ့?"
"အွန်းလေ လက်ထပ်ပြီးတာပဲကို.."
"ဟာဗျာ ဒါဆို အိပ်ယာကို ကြားကနေ လိုက်ကာ ကာပေး"
"ဟင်? ဘယ်လိုကာရမှာလဲ ယူဂျင်းရဲ့"
"မသိဘူး ရအောင်ကာ မကာနိုင်ရင် ခင်ဗျား အပြင်ထွက်အိပ်"
"အယ် မဟုတ်ဘူးလေ အင်း..အင်းပါ ကိုယ်ကာထားလိုက်ပါ့မယ်"
"နောက်ပြီး ပြောထားမယ် ကျွန်တော်နဲ့ခင်ဗျား လက်ထပ်ထားတယ်ဆိုတာ လူကြားထဲ နည်းနည်းလေးတောင် စကားမဟမိစေနဲ့"
"ဒါပေမဲ့.."
"ကျွန်တော်ပြောထားပြီးသားနော် ပြီးမှ ကျွန်တော့်အဆိုးမဆိုနဲ့"
"အင်းပါ"
ထိုစကားများကို ပြောပြီး ယူဂျင်းက အခန်းထဲက ထွက်သွားသည်။
"ဘယ်သွားမလို့လဲ ယူဂျင်း"
"ဘယ်သွားသွားပေါ့ ခင်ဗျားနဲ့မဆိုင်ဘူး"
"တအားနောက်မကျခင်တော့ ပြန်လာနော်"
"လာမချုပ်ချယ်နဲ့ ဂင်မ်ဂယူဗင်း"
"ချုပ်ချယ်တာ မဟုတ်ပါဘူး သွားချင်တဲ့နေရာရှိရင် ကိုယ်လိုက်ပို့ပါ့မယ်"
"မလိုဘူး Taxiနဲ့သွားမယ်"
ယူဂျင်းကို ဂယူဗင်းကားနဲ့သာ ခေါ်လာခဲ့သည်မို့ ယူဂျင်းရဲ့ကားကတော့ ပါမလာခဲ့သေးပေ။ဒါကြောင့် သူလိုက်ပို့မယ်ပြောပေမဲ့ ယူဂျင်းကတော့ လက်မခံပါ။ထွက်သွားတဲ့လူက ထွက်သွားပေမဲ့ ဂယူဗင်းကတော့ အိပ်ယာကို တစ်ခြမ်းစီ လိုက်ကာနှင့်ကာရဦးမည်။