ဒီနေ့နဲ့ဆို ကိုကိုနဲ့ အဆက်အသွယ်မရတာဟာ တစ်ပတ်ရှိပြီ။ကိုကို့အိမ်ကိုလည်း ယူဂျင်းလိုက်သွားသည်။ဒါပေမဲ့ ကိုကိုက အိမ်ကိုပြန်မလာပါဘူးတဲ့။
ကုမ္ပဏီလိုက်သွားပြန်တော့လည်း အတွင်းရေးမှူးက 'CEOနဲ့အဆက်အသွယ်မရတာ တစ်ပတ်လောက်ရှိပြီ' တဲ့။ကိုကိုက ယူဂျင်းကိုတောင်မဟုတ်ဘူး ဘယ်သူ့ကိုမဆို မဆက်သွယ်တော့တာပဲ။ကိုကို့ဖုန်းကနေ ခြေရာခံရအောင်လည်း ကိုကိုက ဖုန်းပိတ်သွားပြီမို့ ခြေရာခံ၍လည်း မရပေ။
"တစ်ခုခု ဖြစ်နေတာတော့ မဟုတ်ဘူးမလား.."
ယူဂျင်း မှိုင်ထွေထွေကြီး ထိုင်နေမိတုန်းမှာ ယူဂျင်းဆီ ဖုန်းနံပါတ်အစိမ်းနှင့် ဖုန်းတစ်ခု ဝင်လာသည်။ယူဂျင်းကတော့ ကိုကို ဆက်တာများ ဖြစ်မလားဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ ဖုန်းကိုင်လိုက်၏။
"ဟယ်လို"
"ဟယ်လို မင်းက AreumTechလုပ်ငန်းစုရဲ့သားလား"
ယူဂျင်း ထင်ထားသလို တစ်ဖက်က ကိုကို့အသံ ဟုတ်မနေခဲ့ပေ။တစ်ဖက်ကလူရဲ့ အသံက အေးစက်ပြီး မာကျောသည်။
"ဘယ်သူလဲ ခင်ဗျားက"
"မင်းရဲ့ သိပ်ကို အဖိုးတန်လှတဲ့ ဂင်မ်ဂယူဗင်းကို အသက်ရှင်လျက် ပြန်တွေ့ချင်ရင် ငါပြောတဲ့အတိုင်း လိုက်လုပ်လိုက်"
"ခင်ဗျား! ကိုကို့ကို ဘာလုပ်လိုက်တာလဲ၊ ခင်ဗျားက ဘာလိုချင်တာလဲ ငွေလား? ဘယ်လောက်ဖြစ်ဖြစ်ပြောလိုက်"
"ငွေမလိုချင်ပါဘူး ငါလိုချင်တာက ရိုးရှင်းပါတယ် မင်းအဖေ ကုမ္ပဏီရဲ့ ထုတ်ကုန်လျို့ဝှက်ချက်တွေကို ငါ့ဆီယူလာပေးရုံပဲ၊ငါလိုချင်တာ မယူလာနိုင်ဘူးဆိုရင်တော့ မင်းရဲ့ကိုကို ဘာဖြစ်သွားမလဲဆိုတာ မင်းတွေးကြည့်နိုင်မယ်ထင်ပါတယ်"
"ကျွန်တော်နဲ့ဆိုင်တဲ့ ကိစ္စ ကျွန်တော်နဲ့ရှင်းလေ ဘာကိစ္စ မဆိုင်တဲ့လူကို ဆွဲထည့်ထားလဲ ဟမ်! ခင်ဗျား သတ္တိကြောင်လှချည်လား"
"အိုး..စကားကို လွယ်လွယ်မပြောနဲ့ ချာတိတ်၊ ငါက မင်းနဲ့ရှင်းဖို့လုပ်တယ် ဒါပေမဲ့ ကြားထဲက မင်းရဲ့ကိုကို လူစွမ်းကောင်းကြီးက မင်းအနားကို ကပ်မရအောင် လုပ်ထားတာမလို့ မင်းကိုကပ်မဲ့ အစီအစဉ်ပျက်သွားတာ၊ ဒါလည်းမဆိုးလှပါဘူးလေ လူစွမ်းကောင်းကြီးကို ဖမ်းလိုက်တော့လည်း ဖြစ်တာပဲ ဟားဟား"