"ဟန်ယူဂျင်း ခြေငြိမ်သွားပါတယ်မှတ်တာ အစ်ကိုကြီးတစ်ယောက်နဲ့တွဲနေတာတဲ့ ဟက်"
"မထင်ခဲ့ဘူး ယောက်ျားလေးတစ်ယောက်နဲ့မှ ငြိမ်သွားလိမ့်မယ်လို့"
ယူဂျင်း အခုက ကန်တင်းကိုရောက်နေခြင်းဖြစ်သည်။ကန်တင်းမှာထိုင်ပြီး အေးဆေး အအေးသောက်ရမလား မှတ်တယ် ဘေးဝိုင်းက ရန်စကားတွေက နားထဲ ကန့်လန့် ဝင်လာလိုက်သေး၏။ပြောနေတဲ့ လူတွေကို တစ်ချက်ရှိုးမိတော့ ဟိုတစ်ခါ စော်ကိုလိုက်မရလို့ ပြဿနာ လာရှာဖူးတဲ့ကောင်။
ညက အိပ်ရေးဝလို့ရယ် အချိုရည်က အချိုဓာတ်ပါလို့ရယ်ကြောင့်ထင်၏ ယူဂျင်း တစ်ဖက်က ရန်စကားတွေကို စိတ်မတိုမိပေ။
"ခြေသာငြိမ်နေတာ သူ့ကိုလိမ်နေမှန်းတော့ သိပုံမပေါ်ဘူးနော် လူလိမ်နဲ့တွဲမှခြေငြိမ်သွားတယ်ဆိုတာသာသိ..."
ပါးစပ်အရသာခံပြီး ပြောနေသူရဲ့ စကားဟာ အဆုံးထိမရောက်လိုက်ပဲ ယူဂျင်းရဲ့ လက်သီးက အဲ့ကောင်မျက်နှာနဲ့ အရင်မိတ်ဆက်ပါတယ်။
"ငါ့ကိုပြောတာ ကိစ္စမရှိပေမဲ့ ငါ့လူကိုလာထိတာတော့ မင်းမှားတယ်"
"ဟက်! ဒီလိုလက်ပါပုံထောက်ရင်တော့ ဟန်ယူဂျင်းတို့ တအား ဖောအင်လပ်ဖ်နေတာ ထင်တယ်"
တစ်ဖက်လူရဲ့ ခနဲ့တည့်တည့်စကားတွေက အခုထိ အဆုံးမသတ်နိုင်သေးပေ။
"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ မင်းအတွက် သတင်းတစ်ခုကို ဒီကအစ်ကိုကြီးက စုံစမ်းပေးထားတယ်"
"မင်းတွဲနေတဲ့ အစ်ကိုက အချိန်ပိုင်းအလုပ်သမားမဟုတ်ပဲ နာမည်ကြီး Company တစ်ခုရဲ့ CEO တဲ့ သိပြီးပြီလား? သိချင်လည်းသိမှာပေါ့လေ ဒါကြောင့်ပဲမြဲနေလားမှမသိတာ"
"သောက် အဓိပ္ပာယ်မရှိတာတွေမပြောနဲ့ ဟေ့ရောင် မင်းဘာမင်းသာ စော်တစ်ယောက်လောက် အဖြစ်ရှိအောင်လိုက်စမ်းပါ အားနေ ငါ့လာပြီး ရန်ရှာမနေနဲ့"
"ဘာကွ!"
တစ်ဖက်ကို မခံချင်လို့သာ ပြန်ပြောလိုက်ပေမဲ့ ယူဂျင်းစိတ်ထဲတွင်တော့ အဆင်ပြေနေခြင်းမရှိပေ။ကိုကိုက သူ့ကိုဖုံးကွယ်ထားခဲ့တာလား?။မဖြစ်နိုင်တာ..။ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် အချိန်ပိုင်းအလုပ်ပြီးရင် ပျောက်ပျောက်သွားတာတွေကတော့ မူမမှန်သလို ထင်ရ၏။