"ဂယူ သား ဒီမှာလာထိုင်ဦး"
ဂယူဗင်း ညက မိသားစုအိမ်ကို ပြန်အိပ်တာမလို့ ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတဲ့ဖေဖေက လှမ်းခေါ်သည်။
"သားက အဲ့ကောင်လေးကို တကယ်ပဲ သဘောကျတာလား"
ဖေဖေ့စကားကို ကြားကြားချင်း ဂယူဗင်း အံ့ဩသွားရသည်။ယူဂျင်းနဲ့သူ့အကြောင်းကို ဖေဖေက သိနေခဲ့တာလား။
"ဖေဖေ ဘယ်လိုသိလဲတွေးနေတာလား ဖေဖေလည်း ကိုယ့်သားအကြောင်းကိုတော့ စုံစမ်းရတာပေါ့ကွ"
"ဟုတ်..သား သူ့ကို တကယ်ချစ်တာပါဖေဖေ"
"ချစ်တာလည်း ချစ်တာပေါ့ကွာ ဒါပေမဲ့ သားဘဝကိုတော့ တအားမနစ်မိစေနဲ့ ဖေဖေပြောတာနားလည်လား"
"ဟုတ်..ဖေဖေက ခွင့်ပြုတယ်လား"
"ငါ့သားက အရွယ်ရောက်ပြီး Company ကိုဦးစီးနိုင်နေတဲ့ တကယ်တော်တဲ့သားတစ်ယောက်ပါ သားမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်တဲ့ အခွင့်အရေးရှိတယ်..သားကိုယ်သားသာ မဖျက်စီးပစ်ဖို့ပဲ ဖေဖေက သတိပေးတာ"
"ဟုတ်ကဲ့ပါ..ဒါဆို သား Company ကိုသွားလိုက်ပါဦးမယ်"
"အေးအေး"
ဂယူဗင်း အံ့ဩသွားမိသည်ကတော့ အမှန်ပင်။ဖေဖေက သဘောတူလိမ့်မယ်လို့ သူတစ်ခါမှမတွေးဖူးဘူး။အိမ်ကို အတိုက်အခံလုပ်ရမယ်လို့တောင် တွေးထားခဲ့တာကို သဘောတူတယ်ဆိုတော့ ဝမ်းသာမိသလို ကျေးဇူးလည်းတင်ရ၏။
ယူဂျင်းကလည်း ဂယူဗင်း CEOဆိုတာ သိသွားပြီမလို့ အချိန်ပိုင်းအလုပ်ကိုတော့ မသွားဖြစ်တော့ပေ။ဒါပေမဲ့ ယူဂျင်း ကျောင်းရှေ့ကို မျက်နှာလေးမြင်လိုမြင်ငြား သွားခိုးကြည့်ဖို့ ယူဂျင်းကျောင်းဆီကို မောင်းခဲ့လိုက်သည်။
ကျောင်းနဲ့ မလှမ်းမကမ်းတွင် ကားရပ်ကာ ယူဂျင်းအလာကို စောင့်ရ၏။သိပ်ကြာကြာ မစောင့်လိုက်ရပဲ ယူဂျင်းရဲ့ကားလေး ကျောင်းထဲဝင်သွားတာကို တွေ့လိုက်ရသည်။ဒီနေ့မနက်တော့ အရေးကြီးတဲ့ အစည်းအဝေးရှိသေးသည်မို့ ယူဂျင်းနဲ့ သွားပြီး စကားမပြောဖြစ်တော့ပဲ Companyကိုသာ ဆက်မောင်းလာခဲ့ပါသည်။