ယူဂျင်း မနေ့ညက သောက်ထားတဲ့အရှိန်ကြောင့် မနက်11နာရီရှိပြီဖြစ်သော်လည်း မထနိုင်သေးပေ။သို့သော် အဆက်မပြတ် အော်မြည်လာသော ဖုန်းသံကြောင့် အိပ်ပျော်နေရာမှ အာရုံနောက်ခြင်း ၊ စိတ်ရှုပ်ခြင်းနဲ့အတူ ယူဂျင်း နိုးထလာရသည်။ဖုန်းကို သေချာမကြည့်ပဲ ကောက်ကိုင်လိုက်သည်မို့ ဘယ်သူဆက်လည်းဆိုတာ ယူဂျင်းမသိ။
"ဟယ်လို"
"ဟယ်လို..မောင်~..ဒီနေ့ကျောင်းမလာဘူးလားဟင်..ကျောင်းမှာမတွေ့လို့ ဖုန်းခေါ်လိုက်တာ"
"မောင်?ဘယ်ကမောင်?"
"မောင်ကလည်း..တို့ကို မသိတော့တာလား မသိချင်ယောင်ဆောင်နေတာလား"
ယူဂျင်း ညကသောက်ထားတာမလို့ ခေါင်းနောက်နေပါတယ်ဆို တစ်ဖက်က ချွဲပြစ်ပြစ် စကားသံများကြောင့် ပို၍ခေါင်းနောက်ရသည်။ဖုန်းကို ပြန်ကြည့်မိတော့ "မမရှင်းရာ" ဆိုသည့် နာမည်ကိုတွေ့လိုက်ရတာကြောင့် ဒါက လက်တလော ယူဂျင်းတွဲနေသည့် အစ်မဆိုတာ အသိဝင်လာသည်။
"ဪ..မမလား? ကျွန်တော်တို့ ဇာတ်လမ်းကို ဒီမှာပဲရပ်ကြမလား?"
"ဟင်..ဘာလို့လဲမောင်ရဲ့..မမဘာလုပ်မိလို့လဲ"
"ဘာအပြစ်မှလုပ်မိတာတော့မဟုတ်ဘူး ဒီတိုင်းပျင်းလာလို့ နောက်ထပ် ကျွန်တော့်ဆီ မဆက်သွယ်နဲ့တော့"
တစ်ဖက်လူရဲ့ ပြန်ပြောလာမည့်စကားကို ဆက်နားမထောင်တော့ပဲ ဖုန်းကိုပိတ်ကာ ဘေးကလွတ်နေတဲ့ အိပ်ယာပေါ်ကို ပစ်ချမိသည်။ဆက်အိပ်ရမလား တွေးပေမဲ့ အချိန်က နေမြင့်နေပြီမလို့ ယူဂျင်း ရေချိုးခန်းထဲသာ ဝင်ခဲ့လိုက်၏။
ရေချိုးပြီးမှ အနည်းငယ် လန်းသွားသလို ခံစားရသည်။ကျောင်းကိုလည်း မသွားချင်တော့တာမလို့ အရမ်းရှိုးထုပ်ပြီး ဝတ်ဖို့ရာ မလိုအပ်ပေ။ဒါကြောင့် အဝတ်ဗီရိုကို ဖွင့်ကာ ပေါ့ပေါ့ပါးပါး Shirt တစ်ထည်နှင့် ဘောင်းဘီ ခပ်ပွပွ တစ်ထည်ကိုသာ ထုတ်ယူလိုက်သည်။
ဝတ်ဖို့အင်္ကျီတွေ ထုတ်နေရင်း ယူဂျင်းအကြည့်ရောက်သွားသည်က ဗီရိုအတွင်း အကြည်ရောင် အံ့ဆွဲထဲတွင် ထည့်ထားသော Chocolate milkဗူးခွံ့လေကိုသာ။ဗူးခွံ့လေးကိုကြည့်ရင်း နူးနူးညံ့ညံ့ ပြုံးမိပြီး နှုတ်မှ