3 . 7 . 2018 / ည ၈နာရီ :
ဒီမြေပေါ်ကို ပြန်မရောက်ဖြစ်ခဲ့တာ ၁၀နှစ် နီးပါးရှိခဲ့ပြီ။လင်းဖေဖမေမေတို့ကိုလဲလွမ်းလှပါပြီ၊ဩဇီကို ထွက်သွားပြီထဲက တစ်ခါမှပြန်မရောက်ဖြစ်ခဲ့တော့တဲ့ မွေးရပ်မြေပေါ့လေ။
အရာရာဟာလင်း ထွက်သွားတုန်းကနဲ့တစ်ခြားစီပါပဲ အတော်လေးကိုပြောင်းလဲပြီးတိုးတက်နေခဲ့ပါပြီ။
"အန်တီလေး လင်းဘယ်ဂိတ်ကိုလာခဲ့ရမလည်း"
"ရောက်ပြီလားလင်း အန်တီလေးတို့ဂိတ်၂မှာ စောင့်နေတယ်နော်"
"ဟုတ်ပြီ အန်တီလေး လင်းလာခဲ့မယ်"ဒီနေ့မှမိုးစက်များကလဲ သည်းနေလေသည်။လင်းပြန်လာကိုကြိုနေသလိုပင်။
လင်းကရာသီတွေထဲမှာ မိုးရာသီကိုအနှစ်သက်ဆုံးပင်
မိုးရွာတဲ့နေ့ဆိုရင် ကော်ဖီလေးတစ်ခွက်သောက်ပြီးမိုးရွာနေတာကို ထိုင်ကြည့်ရင်ကြည့်၊မဟုတ်ရင် စာအုပ်ဖတ်၊သီချင်းအေးအေးလေးတွေနားထောင်ရတာက
စိတ်ချမ်းသာရတဲ့ဘဝလေးပင်။
လွမ်းမောစရာကောင်းတဲ့ခံစားချက်ကိုလည်း ပေးသေးတာလေ။"ဟေ့ လင်း "
"ဟာ အန်တီလေး"
"ကြည့်စမ်း ငါ့တူမက လှလာလိုက်တာ ငါ့မှာမနည်းမှတ်မိအောင်ကြည့်ယူရတယ်"
"တို့အန်တီလေးလည်း အရမ်းပြောင်းလဲသွားတာကော
လင်းက အန်တီလေးကိုတူလို့နေမှာပါ လှလာတာက""ကဲကဲအခုပဲရောက်တယ် မြှောက်နေပြီ ဘာစားချင်လဲပြော ဝယ်ကျွေးပါ့မယ်"
"ဟုတ်တယ် ဟီးး လင်းဗိုက်စာနေပြီအန်တီလေးရဲ့၊
ဒါနဲ့အန်တီလေးတစ်ယောက်ထဲလား""ဟိုမှာရှင့်အန်ကယ်လေးနဲ့ ဖူးလေးလည်းပါတယ် လာသွားရအောင်"
လင်းကအန်တီလေးကိုကျော်၍ အနောက်ကိုကြည့်လိုက်တော့ဖူးလေးတို့သားအဖတွေက လက်လှမ်းကာပြသည်။ ဖူးလေးတောင် တော်တော်ကြီးလာပြီပဲ လင်းသွားတုန်းကဆို သူက၅နှစ်အရွယ်လောက်ပဲရှိသေးတာ၊ အခုလူကောင်များ ထွားလာလိုက်တာ လင်းကိုတောင်မှီတော့မှာပါလား။
"မမလင်း "
ဖူးလေးကလင်းရောက်လာတာနဲ့ပြေးဖက်ပြီးချွဲတော့သည်"မမလင်း ဖူးအတွက်ဘာပါလဲဟင် ဖုန်းပြောတုန်းက လက်ဆောင်ပါတယ်ဆိုလို့ ဖူးကစိတ်လှုပ်ရှားနေတာ ဟီးဟီး"

ESTÁS LEYENDO
မမေ့ရက်ခဲ့သော (Ongoing)
Romanceထိုနေ့က မတော်တဆမှုလေးဖြစ်ခဲ့ရသည်။ ထိုမတော်တဆကလေးကပဲ ကျမဘဝကိုပြောင်းလဲပြစ်လိုက်တော့သည်။ ထိုမတော်တဆရေစက်ကြောင့်ပေါ့လေ အင်း ထိုရေစက်လှလှကလေးကြောင့်....